ထန်တလန်မြို့မီးလောင်မှု၊ စစ်တပ်၏အဓမ္မပြုကျင့်မှုဖြစ်စဥ်တွေအပေါ် ဆန့်ကျင်ကြောင်းနှင့် စစ်အာဏာရှင်ပြုတ်ကျရေး အိန္ဒိယရောက် မြန်မာနိုင်ငံသားများ ဆန္ဒထုတ်ဖော်

ချင်းပြည်နယ် ထန်တလန်မြို့ မီးလောင်မှု၊ တီးတိန်မြို့ရှိ ရွာတစ်ရွာမှ အမျိုးသမီးနှစ်ဦးကို စစ်တပ်က အဓမ္မပြုကျင့်မှု စသည့် လုပ်ရပ်တွေအပေါ် ဆန့်ကျင်ရှုံ့ချကြောင်းနှင့် ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်ပြုတ်ကျရေးတို့အတွက် အိန္ဒိယနိုင်ငံရောက် မြန်မာများက ဒီကနေ့ နို ဝင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက နယူးဒေလီ ဂျန်တားမန်တားတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ချင်းဒုက္ခသည်များကော်မတီ (CRC) က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး နယူးဒေလီရောက် မြန်မာပြည်ဖွား တ်ိုင်းရင်းသားလူမျိုးပေါင်းစုံ တက်ရောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ mizzima