ဖလမ်းတွင် တော်လှန်ရေးအဖွဲ့များ၏ အချက် အလက်များ လိုက်လံစုံစမ်းနေသော စစ်ကောင်စီလက်ပါးစေ ရဲတပ်သားတစ်ဦးအား CNDF က ဖမ်းဆီးစစ်ဆေး

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ CDM ဝန်ထမ်းများ၏ အချက်အလက်များစုံစမ်းခြင်း၊ CNDF အဖွဲ့အကြောင်း စုံစမ်းခြင်းများ ပြုလုပ်နေသော ဖလမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ခွဲမှ ရဲတပ်သား မောင်ရာလ်လှေထန်းအား နိုဝင်ဘာလ ၁၈ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

လက်ရှိတွင် အဆိုပါ ရဲတပ်သား ရာလ်လှေထန်းအား နိုင်ငံတကာ စစ်ခုံရုံး စစ်ဥပဒေနဲ့အညီ ရေးဆွဲထားသော CNO/CNDF စစ်ဥပဒေဖြင့် လုံခြုံသည့် တစ်နေရာတွင် လိုအပ်‌သည့် စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ကာ ထိန်းသိမ်းထားကြောင်း သိရှိရသည်။ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ၀န်ထမ်းများအား မတရားအာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံတော်အာဏာသိမ်းယူမှုကို ဆန့်ကျင် ၍ Civil Disobidience Movement တွင် ပါ၀င်ကြရန်နှင့် ထိုသို့ လိုက်နာမှုမရှိသူများကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း CNO/ CNDF မှ စက်တင်ဘာလ ၇ ရက်တွင် နောက်ဆုံးအကြိမ် သတိပေးထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s