ရန်ကုန်တွင် ဦးဖြိုးဇေယျာသော် အပါအဝင် PDF ၂၅ ဦး အဖမ်းခံရပြီး ၂ ဦး ပစ်သတ်ခံထားရ၊ နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ သေဆုံး

ရန်ကုန်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်အပါအဝင် PDF ၂၅ ဦး အဖမ်းခံရပြီး ၂ ဦးကို ပစ်သတ်ခံထားရကြောင်း တော်လှန်ရေးသတင်းရပ်ကွက်များက ပြောသည်။ နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုအနေဖြင့် ယနေ့တွင် ၃၀ ဦးရှိကြောင်း ရန်ကုန်ခေတ်သစ်က စာရင်းကောက်ယူရရှိထားသည်။

ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ၁ ဦးသေဆုံး

===================================================================================

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ၅ မိုင်နှင့် ၆ မိုင်ကျေးရွာ တလျှောက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် KA၊ KNDF ပူးပေါင်းတပ်ဖွဲ့များကြား ယနေ့ နိုဝင်ဘာလ ၁၈ ရက် နေ့လယ် ၁၂ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကာ တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်က ၆ မိုင်ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သလို အပြစ်မဲ့ပြည်သူ ၂ ဦးအား အကြောင်းမဲ့ ပစ်သတ်သွားကြောင်း KNDF က သတင်းထုတ်ပြန်သည်။

ဂန့်ဂေါတွင် ရဲတပ်သား ၁ ဦးသေဆုံး

===========================

နိုဝင်ဘာလ(၁၈)ရက်နေ့ နံနက် ၉ နာရီ ၄၀ ခန့်တွင် ဂန့်ဂေါမြို့နယ်၊ကန်ရွာရဲစခန်းမှ 125ဆိုင်ကယ် အနီရောင် စီးနင်းကာ စခန်းလုံခြုံရေး အတွက် ဘန်ကာပြုလုပ်ရန် ဆာလာအိပ် ထွက်ဝယ်သော ဒုရဲအုပ် အောင်ရဲသူ (​ရှေ့စီး)နှင့် ရဲတပ်သား (နောက်စီး)အား PDF-GanGaw ပြောက်ကျားတပ် မှ လိုက်လံပစ်ခတ်ခဲ့ရာ ရဲတပ်သား (နောက်စီး)မှာ နေရာတင်ပွဲချင်းပြီး သေဆုံး၍ ဒုရဲအုပ် (​ရှေ့စီး)မှာမူ ဒဏ်ရာရရှိပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်းဒေသ ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

မကွေးတိုင်းတွင် ရဲ ၂ ဦးသေဆုံးကာ လက်နက်များ သိမ်းဆည်း

=================================================

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း မအူရဲကင်းစခန်းကို နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် တစ်နာရီကြာတိုက်ခိုက်ပြီးနောက် စခန်းကို သိမ်းပိုက်မီးရှို့ဖျက်ဆီးလိုက်ကြောင်း၊ ရဲ ၂ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ People Defense Force Yesagyo နှင့် Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို) ညီနောင်မဟာမိတ်နှစ်ဖွဲ့ပူးပေါင်း၍ စခန်းကို တစ်နာရီကြာတိုက်ခိုက်ပြီးနောက် အာဏာသိမ်းအဖွဲ့၏ ရဲအားလုံး ထွက်ပြေးသွားသဖြင့် မဟာမိတ်နှစ်ဖွဲ့က စခန်းအတွင်းရှိ လက်တော့ ( ၁)လုံး၊ ဆိုင်ကယ်( ၄ ) စီး ၊ ဗုံးသီး ( ၁) လုံး ၊ ကျည်များအပါအဝင် စာရွက်စာတမ်းများအား သိမ်းဆည်းပြီး စခန်းအားမီးရှို့ထားခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း အာဏာသိမ်းအဖွဲ့၏ ရဲတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးကြောင်း သိရှိရသည်။

ကလေးမြို့တွင် စစ်ကြောင်း မိုင်းခွဲခံရမှု ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၁၅ ဦး သေဆုံး

===================================================================

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နဂါးပွက်ရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယ နေ့ နံနက်ပိုင်းတွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး ယင်းနေရာအား စစ်ကူလာရောက်သော စစ်ကောင်စီတပ်ဖွဲ့အား ချင်းဆိုင်ကျေးရွာ အနီးတွင် PDF (Kalay) က မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က သုံးပွင်အရာရှိ ၁ ဦးအပါအဝင် ၁၅ ဦးသေဆုံးကြောင်း PDF (Kalay) က သတင်းထုတ်ပြန်သည်။

ကသာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံ

း======================================

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်အချိန် ချောင်း၀ကျေးရွာအုပ်စု၊ ရေချမ်းစဉ်အနီး စစ်ကောင် စီတပ်များနှင့် KIA ၊ PDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၅ ဦးကျဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ၁ ဦး ဒဏ်ရာအနည်းငယ်ရရှိပြီး မစိုးရိမ် ရကြောင်း ကသာဒေသသတင်းရင်းမြစ်က ပြောသည်။

ထီးချိုင့်တွင် စစ်သား ၅ ဦးသေဆုံး

=============================

နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၅ နာရီအချိန် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် မြတောင်လမ်းဆုံဘက်မှ တက်လာသော စစ်ကားတစ်စီးကို တုံလုံအနီးနားတွင် မိုင်းဆွဲတိုက်ခိုက်ရာ အဆိုပါကားသည် မိုင်းထိ၍ နေရာတွင် ထိုးရပ်သွားကြောင်း၊ ကားသမားတစ်ဦးတည်း ထွက်ပြေးသွားပြီး ကားပေါ်ပါ စစ်သားများမှာ လှုပ်ရှားမှုမရှိတော့ကြောင်း၊ စစ်ကားတစ်စီး နောက်မှ ရောက်ရှိလာ၍ ထီးချိုင့် PDF များ အချိန်မီ ဆုတ်ခွာခဲ့ကြောင်း၊ ယင်းမိုင်းဆွဲမှုကြောင့် အနည်းဆုံး စစ်သား ၅ ဦးသေဆုံးကြောင်း ဒေသသတင်းရင်းမြစ် မြေပြင်ကင်းထောက် ထီးချိုင့် TR က ပြောသည်။

မကွေး၊ ထီးလင်းတွင် PDF ၁ ဦးကျဆုံး

===============================

Chinland Defense Force – Kalay Kabaw Gangaw , တပ်ရင်း (၅) မှတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သော ကိုဖြိုးနိုင်ဦးသည် အကြမ်းဖက်စစ်အာ ဏာရှင်ကို ချေမှုန်းပြီး၊ စစ်အာဏာရှင်စနစ် ပပျောက်ရေး၊ ပြည်သူလူထု ကာကွယ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ရင်း နိုဝင်ဘာ ၁၇ ရက်နေ့ မကွေးတိုင်း ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာနှင့် တောရောင်းရွာ အကြားတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ကျဆုံးသွားခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

မုံရွာတွင် စစ်ကားကို မိုင်းခွဲ

======================

နိုဝင်ဘာလ ၁၇ ရက် ည ၁၁ နာရီဝန်းကျင်က မုံရွာမြို့အတွင်းမှ စစ်ဌာနဘက်သို့ ကင်းသိမ်းပြန်လာသော စစ်ကားသုံးစီးကို အိုးဘိုတောင်တံတားနှင့် ငါးဒိုင်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ယာဥ်အချို့ပျက်စီးသွားကြောင်း၊အဝေးထိန်းမိုင်းဖြင့် ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကား၁စီးပျက်စီးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို Monywa Night King အဖွဲ့နှင့်သံမဏိအဖွဲ့သားများက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်က ပြောသည်။ အလားတူ နိုဝင်ဘာလ ၁၈ ရက်နေ့ မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်း၊ ထွန်းမြရတနာလမ်းပေါ်တွင် စစ်ကားတန်းကို MVRF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ခွေးကားတစ်စီး ပျက်ဆီးသွားခဲ့ပြီး စစ်သားများ သေဆုံးမှုကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်က ပြောသည်။

နေပြည်တော်တွင် ဗုံးများကွဲ

=======================

နေပြည်တော်၊ဇမ္မူသီရိမြို့နယ်၊ပြန်ကပြေး(အောင်ဇမ္မူရပ်ကွက်) ‌အောင်ဇမ္မူလမ်းမကြီးပေါ်ရှိ ရပ်ကွက်ရုံး‌ရှေ့တွင် နိုဝင်ဘာလ ၁၇ရက်နေ့ ည ၈နာရီ ၅၀မိနစ်ဝန်းကျင်ခန့် ဗုံးပစ်ခံရပြီး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ အလား တူ နေပြည်တော်၊ပျဉ်းမနားမြို့ (၈၅)တံတားထိပ်ရှိ တပ်ဝင်းအတွင်းရှိ ၈၅ ကျောင်းအနီးတွင် နိုဝင်ဘာလ ၁၇ ရက်နေ့ ယမန်နေ့ ည ၁၀နာရီ ၃၀မိနစ်ခန့်က ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုများတွင် လူထိခိုက်မှု မရှိကြောင်း နေပြည်တော်သတင်းရင်းမြစ်ထံမှ သိရှိရသည်၊၊

ရန်ကုန်တွင် ရဲအချင်းချင်း ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံးပြီး ဦးဇေယျာသော်အပါအဝင် PDF ၂၅ ဦးအဖမ်းခံထားရ

===============================================================================

ရန်ကုန်တွင် ရွှေတိဂုံဘုရားစောင့် ရဲအချင်းချင်း အချင်းများရာမှ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲတစ်ဦးသေဆုံးခဲ့သည်။ ယနေ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် အပါဝင် ယခင်ရက်များက ဖမ်းဆီးခံထားရသည့် PDF စုစုပေါင်း ၂၅ ဦးရှိကြောင်း ရန်ကုန်တော်လှန်ရေးသ တင်းရင်းမြစ်များက ပြောသည်။ PDF ၂ ဦးကို စစ်ကောင်စီဘက်က ပစ်သတ်ခဲ့ပြီး ယခင်ရက်များက သင်္ဃန်းကျွန်းကြီးပွားရေး ရပ်ကွက်တွင် ရဲဘော်တစ်ဦး၊ ယနေ့ ကမာရွတ်တွင် ၁ ဦးကို ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s