ရှမ်း-ကယားနယ်စပ်၊ မကွေးတိုင်း၊ ရှမ်းပြည် နယ်၊ တနင်္သာရီတိုင်းနှင့်စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ယနေ့နံနက်ပိုင်း တိုက်ပွဲများဖြစ်ပွားပြီး ပြင်းထန်နေ၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်

ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်စပ် မိုးဗြဲမြို့နယ်၊ မကွေးတိုင်း ဆောမြို့နယ်၊ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တို့တွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသကာကွယ်ရေးတပ်များ၏ အသိပေးထုတ်ပြန်ချက်နှင့် ဒေသခံများ၏ ပြောဆိုချက်များအရ သိရှိရသည်။

ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်စပ် မိုးဗြဲမြို့နယ်သို့ စစ်ကောင်စီတပ်များက ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၈ နာရီတွင် အင်အားအ လုံးအရင်းဖြင့် ထိုးစစ်ဆင်လာကြောင်း၊ လက်ရှိမိုးဗြဲတွင် အကြမ်းဖက်စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာနေပြီး နေရာအပြည့်ယူထားကြောင်း၊ ယနေ့ ညနေ (သို့မဟုတ်) မနက်ဖြန်တွင် နှစ်ဖက်တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်ကြောင်း ၊ ဒေသ ပြည်သူ့ကာကွယ် ရေးတပ်များကလည်း ထိုးစစ်ဆင်မှုကို ပြန်လည်ခုခံဖို့အတွက် ပြင်ဆင်နေကြောင်း PKPF သတင်းနှင့်ပြန်ကြားရေးဗျုရိုက တရားဝင် သတင်းထုတ်ပြန်သည်။

အလားတူ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ ဒေါခလိုက်လင်းကျေးရွာရှိ နေအိမ် ၃လုံး ကို ယမန်နေ့ညနေပိုင်း ၄ နာရီအချိန် စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။ အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ခြမ်းတွင် ယနေ့နိုဝင်ဘာလ ၁၉ ရက်နေ့ နံ နက်ပိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ဒေသပြည်သူ့ကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်မှုများလုပ်ဆောင်နေကြောင်း၊ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန် ဝက်လက်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များက သတိပေးချက်များ ထုတ်ပြန်ထားသည်။

အလားတူ မကွေး တိုင်း၊ ယောဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ် PDF -Saw နှင့် စစ်ကောင်စီတပ်များအကြား ယနေ့ နံနက်ပိုင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း၊ ဆောမြို့နယ်၊ကျိန်ချောင်းရွာနှင့်တောမကျေးရွာပတ်ဝန်းကျင်တွင် YDF၊ PDF-Saw၊ CDF Mindat၊ CDF Kanpetlet တို့ပူးပေါင်းပြီးအကြမ်းဖက်စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိကြောင်း ၊ ဆော-ကံကြီးလမ်းပေါ်တွင် ပြည်သူများ သွားလာခြင်းမပြုကြရန် တိုက်တွန်းထားကြောင်း သိရှိရသည်။လက်ရှိနောက်ဆုံးသတင်းအချက်အလက်များအရ ယောဒေသတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ် ဆောင်နေကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည် အနောက်ဘက်ခြမ်းတွင် နိုဝင်ဘာလ ၁၉ ရက်နေ့ စစ်ကောင်စီတပ်များက ‘ဝေလမူကျေးရွာ’ကိုဝင်ရောက်မွှေနှောက်ပြီး မီးရှို့နေကြောင်း၊ ယမန်နေ့ကလည်း မော်တုံကျေးရွာမှာ အိမ် ၅လုံးခန့်၊ ပေပင်ချောင်ကျေးရွာမှာ အိမ် ၅လုံးခန့် ဖျက်ဆီးသွားကြောင်း၊ စစ်အင်အား ၃၅၀ခန့်ဖြင့်ကျွန်းလှမြို့နယ် ဆည်အနောက်ဘက်ခြမ်းဒေသ၊ ရေနံမှော်ဝန်းကျင်က မော်တုံ၊ မော်ကယ်၊ ပေပင်ချောင်၊ သက္ကယ် ကျင်း၊ ဝေလမူကျေးရွာဝန်းကျင်များတွင် တပ်စွဲထားပြီး ပြည်သူများကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက် သတ်ဖြတ်လျက်ရှိကြောင်း၊ တပ်များမှာ ခမရ ၃၆၃၊ ၃၆၇၊ ၃၆၉ တပ်ဖြစ်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရဲ စခန်းအနီးတွင် ယနေ့ နံနက် ၂ နာရီ ၅၀ မိနစ်အချိန် ပေါက်ကွဲမှု ၂ ကြိမ် ကြားရပြီး စခန်းတွင်းမှ သေနတ်သံများ အဆက်အပြတ် ဖောက်ခဲ့ကြောင်း၊ စစ်ကောင်စီအင်အား ၇၀ ခန့်ဥည် ၃၄ မိုင် အနီးရောက်ရှိလာပြီး အနီးနား ကျေးရွာများဖြစ်သော စိန်ကြေးကူး၊ ပကာ၊ ခေါင်ယာ ကျေးရွာများမှ ဒေသခံများ တိန်းရှောင်နေကြရကြောင်း ၊ ကံထူးမ-ကလေးဝ လမ်းပေါ် မည်သည့်ကားမှ ဖြတ်သန်းဖြတ်ခြင်း မပြုကြရန်ဒေသ ကာကွယ်ရေးတပ်များက သတင်းထုတ်ပြန် သတိပေးထားသည်။ အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း စစ်ရေးတင်းမာနေသဖြင့် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်ပြီး ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကောင်စီတပ်များ အသုံးပြုနေသည့်အတွက် ယနေ့မှစတင်၍ တစ်ပတ်တိတိ ပြည်သူများ အသုံးပြုခြင်းမပြုရန် Kalay PDF ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သတိပေးထားသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရဟတ်ယာဉ် ၂ စင်း ပျံသန်းနေကြောင်း ဒေသခံများထံမှ သိရှိရသည်။ အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက ဖားချောင်းရွာတွင် နိုဝင်ဘာလ ၁၈ ရက်ညက စစ်ကောင်စီသ တင်းပေးဒလန်ဟု နာမည်ကြီးသူ ဦးကျော်ဦးကို အမည်မသိအဖွဲ့တစ်ဖွဲ့က လာရောက်ပစ်သတ်ခဲ့ပြီး ယင်းပစ်သတ်မှုကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်များ လမ်းတွင်မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။ ရှမ်း​ပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့၊ ဖော်ဂျုံး ကျေးရွာ အထက် တွင် ကိုးကန့်တပ် MNDAAနှင့် စစ်ကောင်စီတို့ ယ​နေ့နံနက် ၁၁ နာရီခန့်က စတင်ပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s