Monthly Archives: Nov 2021

စစ်ကောင်စီတပ်ရိက္ခာပို့ လူစီးရထားကို ပြောက်ကျားတပ် မိုင်းဖောက်ခွဲ

ပျဉ်းမနားတွင် စစ်တပ်ရိက္ခာပို့ ရထားတစ်စီးကို မိုင်းဖောက်ခွဲခဲ့ကြောင်း Pyinmana Revolutionary Army (PRA) က ထုတ်ပြန်ထားသည်။မန္တလေးမှ ရန်ကုန်သို့ခုတ်မောင်းလာသော (၈)အစုန် လူစီးအမြန်ရထားကို နိုဝင်ဘာ ၂၀ရက် မနက် ၆နာရီ ဝန်းကျင်တွင် နေပြည်တော် ပျဥ်းမနားမြို့နယ် ပန်းခင်းရပ်ကွက် (၆) လမ်းအနီး ရထားသံလမ်းအရောက်မှာ အသင့်စောင့်၍ ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ စစ်ကောင်စီက ယခုကဲ့သို့လူစီးရထားများကို အသုံးပြုပြီး ရိက္ခာထောက်ပို့နှင့် စစ်သားများ ပို့ဆောင်နေမှုကြောင့် ဖောက်ခွဲသတိပေးရခြင်းဖြစ် သည်ဟု ဆိုသည်။

အဆိုပါ လူစီးရထား၏ စစ်ကောင်စီတပ်သား ခုနှစ်ဦးပါလာသည့် နောက်တွဲကို ခလုတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ရထားကြမ်းခင်းပျက်စီးမှုရှိခဲ့ကြောင်း PRA က ပြောသည်။”ဒီ့ Mission က အကြမ်းဖက် စစ်ကောင်စီ ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်နိုင်ဖို့အတွက် သတိ ပေးခြင်းပါ။ ကျွန်တော်တိုမှာ မြေပြင်သတင်းပေးတွေ ရှိပါတယ်၊ သူတိုကနေတဆင့် စကစ ရဲ့ ဘယ်ရထား၊ ဘယ်တွဲမှာ ဘာတွေသယ်လာတယ်ဆိုတာကို ကြိုတင်သတင်းရပါတယ်။ အဲ့ဒီ့လို ပြည်သူတွေကို ခုတုံးလုပ်ပြီး လူစီးရထားတွေနဲ့ သူတိုသယ်ချင်တာတွေ ကိုသယ်နေတာတွေ ရပ်တန့်အောင် ကျွန်တော်တို့ တားဆီးသွားမှာပါ။’’ ဟု PRA ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မနက်က ရထားဆိုရင်လည်း နောက်ဆုံးတွဲရဲ့ ရှေ့တွဲပေါ့နော်၊ အခြားပြည်သူတွေ မလိုအပ်ပဲ ထိခိုက်မှာစိုးလို့ သတိပေးတဲ့ သဘောနဲ့ပဲ အားသိပ်မပြင်းတဲ့ မိုင်းတစ်လုံးပဲ ဖောက်ခွဲခဲ့တာမို့ပါ”ဟု သူက ဆက်ပြောသည်။

ပြည်သူကို အကာအကွယ်ယူပြီး ပြုလုပ်နေသော စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်ရန် ယခုထက် ပိုမိုအားပြင်း သော ဖောက်ခွဲမှုများ လုပ်ဆောင်လာမှာ ဖြစ်သည့်အတွက် အပြစ်မဲ့ ပြည်သူများ အနေဖြင့် စစ်ကောင်စီ၏ သယ်ယူပိုဆောင်ရေးကို အသုံးမပြုခြင်းဖြင့် ပူးပေါင်းကူညီပေးရန်လည်း တိုက်တွန်းထားသည်။ ပျဥ်းမနားတွင် တော်လှန်ရေးအင်အားစုများက တရစပ်ဖောက်ခွဲမှုများ ပြုလုပ်လျက်ရှိနေပြီး ယခုဖောက်ခွဲမှုမှာ PRA ၏ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။ mizzima

လျှပ်စစ်မီးပြတ်တောက်ချိန် ရန်ကုန် လှိုင် Royal Thukha ကွန်ဒိုကို စစ်တပ်က စီးနင်းပြီး လူငယ် တချို့ ကို ဖမ်းဆီး ၊ မြောက်ဒဂုံ၊ အလုံနှင့်လှိုင်တွင် လူငယ် တချို့ အဖမ်းခံရ

ရန်ကုန် လှိုင်မြို့နယ် ၇ ရပ်ကွက် ဓမ္မသုခကျောင်းလမ်း Royal Thukha ကွန်ဒိုကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယနေ့ နိုဝင်ဘာ လ ၂၀ ရက်နေ့ ည ၇နာရီ အချိန်တွင် အင်အားအလုံးအရင်းဖြစ် ဝင်ရောက် စီးနင်းနေပြီး လူငယ်အများအပြား ဖမ်းဆီးခံထားရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” အခုလက်ရှိ လူငယ် ၄ဦး လောက်ကို ရိုက်နှက် ဖမ်းဆီးထားတယ်။ လူငယ်တွေရဲ့ ကားတစ်စီးကိုလည်း သိမ်းဆည်းထားတယ်လို့ သိရတယ်။ ကွန်ဒို အပေါ်အောက်တွေကို ဓာတ်မီးတွေနဲ့ ထိုးပြီး ရှာဖွေနေတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။အလားတူ ယနေ့ ည ၈ နာရီ လျှပ်စစ်မီးပြတ်တောက်ချိန် အလုံမြို့နယ်၊ ရာမလမ်းတွင် သံပုံးတီးကြပြီး စစ်တပ်က ရောက်ရှိလာကာ အိမ်တံခါးများကို ဆောင့်ကန်ခြင်း၊ ဖုန်းများယူစစ်ပြီး လူငယ် ၄ ဦးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ည ၈ နာရီ မီးပျက်တုန်းက သံပုံးတီးနေကြတာ အဲ့ဒါ စစ်ခွေးတွေရောက်လာပြီး တိုက်ခန်းတွေထဲဝင်ဆွဲတယ် ရိုက်နှက်ပြီးတော့ ဖုန်းတွေပါစစ်တာ။ ပစ်သတ်မယ်ပါကြိမ်းတယ်။ သံပုံး တီးနေတဲ့ အိမ်တွေကို အိမ်တစ်အိမ်က သူတို့လာလို့ ရပ်ဖို့အော်ပြီးသတိပေးတယ်။ အဲဒီသတိပေးတဲ့အိမ်ကို မဲတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လှိုင်မြို့နယ်တွင်လည်း လျှပ်စစ်မီးများပြတ်တောက်နေချိန် လမ်းပေါ်ရှိ လူငယ်တချို့ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း၊ မြောက်ဒဂုံတွင်လည်း လမ်းများပိတ်ဆို့၍ ဖမ်းဆီးမှုများကို စစ်ကောင်စီတပ်က လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြော ဆိုသည်။ khit thit

ကျောင်းလာမဖွင့်သည့် CDM ကျောင်းအုပ်ဆ ရာမ ၁ ဦးနှင့် ကျောင်းကော်မတီဝင် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ကျောင်းလာမဖွင့်၍ ကျောင်းသားမိဘ၏ တိုင်ကြားမှုကြောင့် CDM ကျောင်းအုပ်ဆရာမတစ်ဦးနှင့် ကျောင်းကော်မတီဝင်နှစ်ဦးကို နိုဝင်ဘာလ ၁၉ ရက်နေ့က စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံထံမှ သိရသည်။ဖမ်းဆီးခံရသူမှာ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်းရှိ ဆည်ခေါင်းရွာ အ.မ.က ကျောင်းတွင် ကျောင်းအုပ်ဆရာမအဖြစ် ယခင်က တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်မာလာထွန်းဆိုသူဖြစ်ပြီး အင်းပေါခုန်ကျေးရွာရှိ ၎င်း၏နေအိမ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

“နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက အဲ့ဒီကျောင်းအုပ်ဆရာမ နေထိုင်တဲ့ အင်းပေါခုန်ရွာက နေအိမ်ကို အရပ်ဝတ်တွေနဲ့ လာဖမ်းတာ။ ကျောင်းမဖွင့်လို့ တိုင်ထားတယ်ဆိုပြီး ပြောတယ်။ အဖမ်းခံရတဲ့ ကျောင်းအုပ်ဆရာမက အလုပ်ထွက်စာလည်း ကျထားပြီးသား။ နေပြည်တော်အထိ တိုင်ထားတာဆိုတော့ နေပြည်တော်ကို ခေါ်သွားပြီလို့ ကြားတယ်” ဟု ‌ဒေသခံတစ်ဦးကပြောသည်။ကျောင်းသားမိဘတစ်ဦးက ကျောင်းပြောင်းလက်မှတ်ထုတ်ပေးရန် ကျောင်းအုပ်ဆရာမကြီးကို လာပြောခဲ့ရာတွင် ၎င်းသည် အလုပ်ထွက်စာ ကျထားပြီး ဖြစ်ခြင်းကြောင့် တာဝန်မယူနိုင်ကြောင်း၊ ကျောင်းကော်မတီဝင်များနှင့်သာ ညှိနှိုင်းပြောကြားကြရန် ပြောဆိုလိုက်သည့်အကြောင်း ဒေသခံထံမှ သိရသည်။

ထို့နောက် ကျောင်းသားမိဘက ကျောင်းမဖွင့်သည့်ကိစ္စအပေါ် တိုင်ကြားခြင်းကြောင့် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ယင်းနေ့၌ပင် အ ဆိုပါကျောင်း၏ ကျောင်းကော်မတီဝင် အမျိုးသားနှစ်ဦးကိုလည်း ညောင်ရွှေမြို့နယ် နန်းပန်ဈေး၌ စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသ ခံထံမှ သိရသည်။“တစ်ယောက်ကို ဈေးမှာဖမ်းတယ်။ နောက်တစ်ယောက်က ဈေးလှေဆိပ်ကို လူလာပို့တုန်းမှာ ဖမ်းသွားတာ။ လာဖမ်းတဲ့ စစ်ကောင်စီအင်အားကများတယ်။ နန်းပန်ဈေးနေ့မှာ လာဖမ်းတာဆိုတော့ ဈေးလည်း ပျက်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တောင်ပိုင်း၊ နန်းပန်အုပ်စု နှင့် မိုင်းပျိုးအုပ်စု ကျေးရွာအုပ်စု နှစ်စုတွင် စာသင်ကျောင်း နှစ်ကျောင်းမှ လွဲ၍ အ ခြေခံပညာစာသင်ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်နေခြင်းဖြစ် သည်ဟု ဒေသခံကပြောသည်။ပြန်လည်ဖွင့်လှစ်သည့် စာသင်ကျောင်းများတွင် စာရေးတစ်ဦးတည်းနှင့် ဖွင့်လှစ်သည့် စာသင်ကျောင်းများရှိသကဲ့သို့ ကျောင်းအုပ်ဆရာမတစ်ဦးတည်းနှင့်ဖွင့်လှစ်ပြီး ဆယ်တန်းအောင်ပြီးခါစ ကျောင်းသား ကျောင်းသူများကို စာပြန်သင်ခိုင်းနေသည့် စာသင်ကျောင်းများလည်း ရှိနေကြောင်း ဒေသခံများ ထံမှသိရသည်။ mizzima

ရန်ကုန်၊ ​နေပြည်​တော်၊ မန်း​လေးတို့တွင် လျှပ်စစ်မီးများပြတ်​တောက်

ရန်ကုန်၊ ​နေပြည်​တော်၊ မန်း​လေးအပါအဝင် တစ်နိုင်ငံလုံးမြို့ကြီးများတွင် ယ​နေ့ ည ၇ နာရီ ၄၃ မိနစ်အချိန် လျှပ် စစ်မီးများပြတ်​တောက်လျက်ရှိ​ကြောင်း သိရှိရသည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်း ယ​နေ့ နိုဝင်ဘာလ ၂၀ ရက်​​နေ့ ည ၇ နာရီ ၄၃ မိနစ်အချိန်ခန့်တွင် ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နေရာများ ယာယီဓာတ်အားပြတ်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန် လည်​ပေးနိုင်ရန်အချိန်နှင့် တစ်ပြေးညီကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း မိဘပြည်သူများထံသို့လေးစားစွာ အသိပေးပန်ကြားအပ်ပါ သည်” ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပို ရေးရှင်းက သတင်းထုတ်ပြန်ထားသည်။နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်မှစတင်၍ မြို့ကြီးတချို့ တွင် လျှပ်စစ်မီးပြန်လည်ရရှိပြီဖြစ်ကြောင်း သိရှိရသည်။ khit thit

မအူပင်မြို့တွင် ပရဟိတအဖွဲ့ခေါင်းဆောင်၏ နေအိမ် ၃ လုံးကို စစ်ကောင်စီ ချိပ်ပိတ်

ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ ပျိုးခင်းသစ် ဖောင်ဒေးရှင်း ပရဟိတအဖွဲ့ ဦးဆောင်သူ ဦးသန်းထိုက်အောင်၏ နေအိမ်၊ ဥယျာဉ်ခြံနှင့် အဖွဲ့ရုံး ဖွင့်လှစ်ထားသော နေအိမ်များကို ယနေ့၊ နိုဝင်ဘာ ၂၀ ရက်တွင် စစ်ကောင်စီက ချိပ်ပိတ်လိုက်ကြောင်း ဒေသခံက ပြောသည်။“အိမ်ရော အိုင်ဝိုင်းက ခြံရောကို ချိတ်ပိတ်လိုက်တာ။ အခု ပျိုးခင်းသစ် ဖွင့်ထားတာကလဲ ကိုထိုက်အိမ်ပဲလေ။ အဲ့ဒါကိုပါ ပိတ်လိုက်တာ။ မိသားစုကတော့ မအူပင်မှာ မရှိတာကြာပြီ”ဟု အဆိုပါ ဒေသခံက ပြောသည်။

ဦးသန်းထိုက်အောင်သည် စစ်ကောင်စီက အမှုဖွင့်ခံထားရသူတစ်ဦး ဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ယခုကဲ့သို့ နေအိမ်များ သိမ်းဆည်းခံရခြင်းကို ဝမ်းနည်းခြင်း မဖြစ်မိကြောင်းနှင့် သေကွဲ ကွဲရသည့် သူများနှင့် ယှဉ်လျှင် အ သေးမွှားသာ ဖြစ်သည်ဟု ဦးသန်းထိုက်အောင်၏ မိသားစုဝင်များက ပြောဆိုသည်။ “အိမ်ရှင်တွေ ခရီးသွားနေတုန်း ခြံစောင့်ခွေးတွေ ခြံကို လာစောင့်ပေးတာလို့ပဲ မြင်တယ်။

အိမ်ရှင်တွေ ပြန်လာတဲ့နေ့ ခြံစောင့်ခွေး ခွေးနေရာ သွားရမှာပဲ။ ငါတို့တစ်နေ့ ကိုယ့်အိမ်ကိုယ် ပြန်ကြရမှာ”ဟု လည်း ဦးသန်းထိုက်အောင်က ပြောသည်။ mizzima

စစ်‌ရဟတ်ယာဉ် ကျည်သင့်ခဲ့သည့် ဆောတွင် စစ်ရေးတင်းမာနေ

ယမန်နေ့ (နိုဝင်ဘာ ၁) မကွေးတိုင်း ဆောမြို့နယ်၌ တိုက်ပွဲအတွင်း လာရောက်တိုက်ခိုက်သော MI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီးအနက် တစ်စီးကို ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့ကြောင်း ဆောဒေသကာကွယ်ရေးအဖွဲ့ (ဆော-PDF) က ယနေ့ သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီတပ်သား ၆၀ ခန့် ထိုနေရာတွင် ပိတ်မိနေစဉ် ရောက်လာသော ထိုရဟတ်ယာဉ်ကို မည်သည့်လက်နက်အမျိုးအစားဖြင့် ပစ်ခတ်လိုက်ကြောင်း ဆော – PDF က ထုတ်ပြောခြင်း မရှိပေ။

မီးခိုးထွက်နေသာ ရဟတ်ယာဉ်တစ်စီး ကျောက်ထုလေယာဉ်ကွင်းသို့ အရေးပေါ်ဆင်းသက်ခဲ့ရသည်ဟု ကင်းထောက်များမှတဆင့် သိရကြောင်း ဆော – PDF တပ်ရင်းမှူးက ပြောသည်။

“နောက်ဆုံးသိရတာကတော့ သူတို့ လေယာဉ်ကိုပြင်နေတယ်”ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ ဆောမြို့နယ် တောမရွာအနီးမှ  ကျောက်ထုမြို့သို့ မိုင် ၅၀ ခန့် ခရီးရှိသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့မှ တောတိုး၍ ဆင်းလာသည့် ထိုစစ်ကြောင်းကို နိုဝင်ဘာ ၁၇ မှအစပြု၍ CDF ကန်ပက်လက်၊ CDF မင်းတပ်၊ ဆော PDF၊ YDF ဆော – ကျောက်ထု စသည့် ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်း၍ လိုက်လံတိုက်ခိုက်နေခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၉ အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်း သေဆုံးခဲ့ကာ ဒဏ်ရာရ တပ်ရင်းမှူးနှင့် စစ်သားများကို MI 17 အမျိုးအစား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ဖြင့် ယမန်နေ့ (နိုဝင်ဘာ ၁၉) ညနေပိုင်းတွင် လာရောက်ကယ်ထုတ်သွားကြောင်း၊ ၎င်းတို့ဘက်မှ ၂ဦးသေဆုံးကြောင်း  ဆော – PDF က ပြောသည်။ 

စစ်ကောင်စီတပ် ပိတ်မိနေသည့် နေရာသို့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းတစ်ခု လာရောက်ပူးပေါင်းရန် ကြိုးပမ်းနေသည်ဆိုသော သ တင်းလည်းထွက်ပေါ်နေကြောင်း၊ ယနေ့ (နိုဝင်ဘာ ၂၀) တွင် စစ်ကောင်စီဘက်က ပစ်ခတ်မှုမရှိကြောင်း၊ အထက်ပါ အဖွဲ့၏ တပ်ရင်းမှူးက ပြောသည်။

“တိုက်ပွဲက ဖြစ်နိုင်ခြေက ရှိသေးတယ်ဗျ။ ဆက်လက်တင်းမာနေဆဲပဲ” ဟု ၎င်းက ပြောသည်။

ထိုစစ်ကြောင်းမှာ ထိုနေရာမှ မိုင် ၆၀ ခန့် ကွာဝေးသည့် ပေါက်မြို့နယ်သို့ နိုဝင်ဘာ ၂၁ (မနက်ဖြန်) အရောက်ချီတက်ရန် အမိန့်ရထားသည့် တပ် ရင်းဖြစ်ကြောင်း ဆော – PDF က ပြောသည်။

ဆောမြို့နယ်အပါအဝင် ယောဒေသတစ်ဝိုက်တွင် စစ်ကောင်စီက စစ်သားအင်အား ၁၅၀၀ ဝန်းကျင်ဖြင့် လှုပ်ရှားနေကြောင်း ဒေသခံ PDF အဖွဲ့ဝင်များက ခန့်မှန်းထားကြပြီး အများစုမှာ တပ်မ ၉၉ နှင့် တပ်မ ၃၃ လက်အောက်ခံတပ်များဖြစ်သည်ဟု ဆိုသည်။ ပြင်းထန်သော ထိုးစစ်ကို ခုခံရန် ဒေသခံကာကွယ်ရေးတပ်တို့ကလည်း ပြင်ဆင်ထားကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်တပ်ကို နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံကြရာတွင် ချင်း ပြည်နယ်နှင့် မကွေးတိုင်းနယ်နမိတ်အနီးတွင်ရှိ ဒေသများသည်လည်း အပါအဝင်ဖြစ်သည်။

စစ်ကောင်စီကလည်း ထိုဒေသများအတွင်း တိုက်ပွဲများတွင် လက်နက်ကြီးများအပြင် ရဟတ်ယာဉ်ပါ သုံး၍ တောက်လျှောက်စစ်ဆင်နေ သည်။

ရဟတ်ယာဉ်ကျည်ထိမှန်သွားသလို သေဆုံး၊ ဒဏ်ရာရသူ များပြားနေသည်ဟူသော ဒေသကာကွယ်ရေးအဖွဲ့များဘက်က ပြောသည့် ထိုတိုက် ပွဲအခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီကလည်း ထိုတိုက်ပွဲများအကြောင်း သတင်းအမှောင်ချထားတတ်သည်။

အာဏာသိမ်းမှု ဆန့်ကျင်စိတ် ပြင်းထန်သော ဒေသခံ PDF တပ်ဖွဲ့၀င်များတွင် အများစုက တူမီး၊ ခါးချိုး စသည့် ပစ်အားနှင့် ကျည်ထွက်အားမကောင်းသည့် လက်လုပ်သေနတ်များ ကိုင်ဆောင်ထားကြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့မှာ လူထုထောက်ခံမှု မရသော်လည်း ချေမှုန်းရေးလက်နက် အပြည့်အစုံတပ်ဆင်ထားပြီး ရေတပ်၊ လေတပ်ကိုလည်း အသုံးပြုခွင့်ရထားသည်။ myanmar now

ကရင် နေရာချထားရေးမြို့ကို စစ်ကောင်စီက ထပ်မံဝင်ရောက် စစ်ဆေး

အပစ်ရပ် KNU မိသားစုများနှင့် ကရင် ဒုက္ခသည်များအတွက် နေရာချထားသည့် လေးကေကော်မြို့သစ်ထဲကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ထပ်မံဝင်လာပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသည့်အတွက် ဒေသခံများက စိုးရိမ်နေကြသည်။နိုဝင်ဘာလ ၁၈ ရက်နေ့က လေးကေကော်မြို့သစ်ထဲသို့ စစ်ကောင်စီတပ်က ရှောင်တခင်ဝင်ရောက်လာပြီး CDM သမားများနှင့် စစ်အာဏာရှင်ဆန့်ကျင်သူများ ဝင်ရောက်နေထိုင်ခြင်း ရှိမရှိ တစ်အိမ်ဝင်တစ်အိမ်ထွက် လာ ရောက်စစ်ဆေးခြင်းသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

မြို့ တာဝန်ရှိသူ တစ်ဦးက “ဟုတ်ပါတယ် စစ်တပ်က လာစစ်တယ်ဆိုတာ မှန်ပါတယ်။ ရှောင်တခင်ဝင် လာတာ ပါ။ သူတို့က အဓိက ဒီ CDM သမားတွေရှိမရှိနဲ့ စစ်အာရှင်ဆန့်ကျင် ဆန္ဒပြတဲ့ လူတွေ ရှိမရှိ လာစစ်တာပါ။ မကြာ မကြာ အခုလိုမျိုး လာလာစစ်နေတော့ ပြည်သူတွေက စိုးရိမ်နေကြပါ။ အရင်ကဆိုရင် နယ်မြေ ရှင်း လင်းရေးအတွက် စစ်မယ်ဆိုတာမျိုး ပြောပြီးမှ လာတယ်။ အခုက ဘာမှ မပြောပဲ ဝင်လာစစ်တာ” ဟု ပြော သည်။

ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် (တပ်မဟာ ၆) ထိန်းချုပ်နယ်မြေထဲက လေးကေကော်မြို့ သစ်ထဲကို ယခုကဲ့သို့ ဝင်ရောက်စစ်ဆေးခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ပဲ စစ်တပ်က အာဏာသိမ်းပြီး နောက် ယခုအကြိမ်နှင့်ဆိုပါက ၅ ကြိမ်ရှိပြီဟု လေးကေကော်မြို့သစ်အတွင်း နေထိုင်သူများက ပြောသည်။ပြီးခဲ့သည့် အောက်တိုဘာလအထိ နယ်မြေရှင်းလင်းရေးအကြောင်းပြချက်ဖြင့် လေးကေကော်မြို့သစ်ထဲ စစ် ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စစ်ဆေးမှု ၄ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ယခု အကြိမ်တွင် တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိပဲ ဝင်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။စက်တင်ဘာလ ၂၈ ရက်နေ့ တုန်းကလည်း လေးကေကော်မြို့သစ်အတွင်း ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ဆက် လျင်း၍ စစ်ကောင်စီ လက်အောက်ခံ ခမရ ၅၆၀ သည် ဝင်ရောက်စစ်ဆေးမှုများရှိခဲ့သည်။လေးကေကော်မြို့သစ်တွင် အုန်းဖြန်၊ နို့ဖိုး၊ မယ်လအစရှိသည့် Refugee စခန်းများက ဒုက္ခသည်များ၊ ဖလူးဒေသ အတွင်းက IDPs များ၊ ကရင်တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အသီးသီးက တပ်ရင်းတပ်ဖွဲ့ဝင်များ၏ မိသားစု များနှင့် ထိုင်းနိုင်ငံ ဖုဖရမြို့နှင့် မဲဆောက်မြို့ အတွင်းက ရွှေ့ပြောင်းအလုပ်သမား မိသားစုများ နေထိုင်ကြခြင်း ဖြစ်သည်။

လေးကေကော်မြို့သစ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် သမ္မတဦးသိန်းစိန် အစိုးရတို့အကြား ပြည် နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ရေး ထိုးပြီးနောက်တွင် ဖြစ်ပေါ်လာသည့် စီမံကိန်းဖြစ်ပြီး အစိုးရနှင့် ဂျပန်နိုင်ငံက နီပွန်ဖောင်ဒေးရှင်းတို့၏ ထောက်ပံ့မှုများနှင့် တည်ဆောက်ထားသည့် မြို့တစ်မြို့ ဖြစ်သည်။အဆိုပါ မြို့သစ်သည် ထိုင်းဘက်အခြမ်းရှိ စစ်ဘေးရှောင်စခန်းများတွင် နှစ်ရှည်ခိုလှုံနေကြသည့် စစ်ဘေးရှောင်ဒ ုက္ခသည်များအတွက် တည်ထားသည့် မြို့သစ် စီမံကိန်းဖြစ်ပြီး အိမ်ထောင်စု ၇၈၆ စုရှိကာ လူဦးရေ ၃၀၀၀ ကျော် ရှိသည်ဟု စခန်းတာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။ mizzima

ချမ်းမြသာစည်မြို့နယ်တွင် အကွက်မှူး ၁ ဦး ပစ်သတ်ခံရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်မှာ နိုဝင်ဘာ ၂၀ ရက် ဒီနေ့ မနက် ၇  နာရီဝန်းကျင်က စစ်ကောင်စီလက်အောက်ခံ အကွက်မှူး အမျိုးသား ၁ ဦး    သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

သေဆုံးသူဟာ အသက် ၆၀  ဝန်းကျင်ရှိ ဦးလှဝေဆိုသူဖြစ်ပြီး ကန်သာယာရပ်ကွက် ဗ – ၄ အကွက်မှူးဖြစ်တယ်လို့ သိရပါတယ်။

အကွက်မှူး သေနတ်ပစ်ခံရလို့ ဖုန်းနဲ့အကူညီတောင်းခံတဲ့ အတွက်အ အခင်းဖြစ်နေရာသွားရောက်ကူညီပေးခဲ့ရာမှာ လူနာသေဆုံးနေပြီဖြစ်တာကြောင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးပြီး အအေးတိုက်ကနေ နေအိမ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးပိုင်းက  တာဝန်ရှိသူ အယောက်  ၂၀၀ လောက် အသတ်ခံရလို့ သေဆုံးခဲ့ပြီး ၁၅၀ လောက် ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ DVB

« Older Entries