ကြို့ပင်ကောက်မြို့နယ်ရဲကင်းကို PDFဗုံးခွဲတိုက်ခိုက်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ၇ ရက်အတွင်း မနုတ်ထွက်ပါက စတင်တိုက်ခိုက်တော့မည်ဟုဆို

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့၊ မြို့နယ်ရဲကင်းကို ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗုံးခွဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ကြို့ပင်ကောက်မြို့ PDF တာ၀န်ရှိသူကပြောသည်။ရပ်ကျေးအုပ်ချုပ်ရေးမှူးများကိုလည်း ၇ ရက်အတွင်း နုတ်ထွက်ခြင်းမရှိပါက တိုက်ခိုက်တော့မည်ဟု ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် ကြို့ပင်ကောက်မြို့ PDF ကထုတ်ပြန်လိုက်သည်။

ဗုံးခွဲတိုက်ခိုက်မှုကို ယနေ့နံနက် ၆ နာရီတွင် တစ်ကြိမ်၊ ၈ နာရီ မိနစ် ၃၀ အချိန်တွင်တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် ဖောက်ခွဲမှုတွင် ကိုက် ၃၀၀ ခန့်အကွာတွင်ရှိနေသည့် ဆရာတော် နှစ်ပါးကို ထိခိုက်ခဲ့သည်ဟု ဆိုသည်။”ကျွန်တော်တို့က မနက်အစောပိုင်း ဖောက်ခွဲမှုလုပ်လိုက်တယ်၊ အဲ့နေရာကို ပြည်သူတွေ မလာအောင်ပေါ့၊ ပြီးတော့ တစ်နေ့လုံး ဖောက်ခွဲမှုတွေ လုပ်မယ်လို့လည်း ထုတ်ပြန်ထားတယ်၊ ကျွန်တော်တို့က ပစ္စည်းတွေလည်း ရင်းထားရတော့ တစ်ခုခုဆို စပ်စုတာတွေ မလုပ်ဘဲ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်စေချင်ပါတယ်။ ဆရာတော် နှစ်ပါးတော့ ခြေထောက်ထိခိုက်သွားတယ်လို့ သိရတယ်။ မတော်တဆထိခိုက်မှုဖြစ်သွားတဲ့ ဆရာတော်နှစ်ပါးအတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်တို့အပေါ်လည်း နားလည်ပေးဖို့ ပြောချင်ပါတယ်” ဟု ကြို့ပင်ကောက်မြို့ PDF ၏ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ ရပ်ကွက်ကျေးရွာအလိုက်စာရင်းများကို ကြို့ပင်ကောက်မြို့ PDFမှ ရရှိထားပြီဖြစ်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် တပတ်အတွင်း မနုတ်ထွက်ပါက စတင်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ကြို့ပင်ကောက်မြို့ PDF အနေဖြင့် မတရားအာဏာသိမ်းထားသော စစ်ကောင်စီ၏အကြမ်းဖက်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီ၏ ထောက်တိုင်များအား အဓိကပစ်မှတ်ထားတိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုကာလသည် ပြည်သူ့ခုခံစစ်ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည့် ကာလဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မလိုအပ်ဘဲအပြင်ထွက်ခြင်းများ၊ လူစုလူဝေးပြုလုပ်ခြင်းများ၊ ဗုံးပေါက်ကွဲသည့်နေရာများသို့ သွားရောက်စပ်စုကြည့်ရှုခြင်းများ၊ စစ်ကောင်စီလက်ပါးစေတပ်များနှင့် နီးကပ်စွာနေထိုင်ခြင်းများအား အထူးဂရုပြုရှောင်ကြဉ်ကြပါရန် ကြို့ပင်ကောက်မြို့ PDFက မေတ္တာရပ်ခံထားသည်။ mizzzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s