စစ်တွေတွင် ရခိုင်သတင်းဌာနဖြစ်သည့် Western News ကို ရဲတပ်ဖွဲ့များ ညပိုင်း လာရောက်ရှာဖွေ

ရခိုင်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် Western News သတင်းဌာန နိုဝင်ဘာလ ၁၉ ရက်နေ့ ညပိုင်း ၉ နာရီ ဝန်းကျင်ခန့်က ရဲတပ်ဖွဲများက လာရောက်ဖွေခဲ့သည်။ယင်းသို့ ရဲတပ်ဖွဲ့များအပါအဝင် SB ဟု ယူဆရသူများကလည်း Western News သတင်းဌာနအခြေစိုက်ရာ ပတ် ဝန်းကျင်က ပြည်သူလူထုအား ရုံးအခြေစိုက်ရာနေရာကို လာရောက်စုံစမ်းမေးမြန်းမှုများရှိခဲ့သည်။ Western News သတင်းဌာမှ အယ်ဒီတာချုပ်ဖြစ်သူက “ရဲတပ်ဖွဲ့တွေပါတယ်။ မြို့နယ်မှူးပါတယ်။ (SB)လို့ယူဆရသူတွေ က ကျွန်တော်တို့ရုံးတည်ရှိရာကို လာရောက်စုံစမ်းမှုတွေရှိတယ်ပေါ့။ ရုံးရှိရာကို ဘယ်မှာလဲဆိုတာ သေချာမေးမြန်းတယ်” ဟုပြောသည်။

Western News သတင်းဌာန AA က ကျဆုံးခဲ့သည့်ဗိုလ် လောင်း ၈ ယောက်ဦး၏ သတင်းရေးသားခဲ့သည်နှင့် ပတ်သက်၍ လာရောက်စုံစမ်းခြင်းဖြစ်သလို ရခိုင်ပြည်နယ်အတွင်း စစ်တပ်က လူ့အခွင့်အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သတ်၍ ရေးသားခဲ့သည့်အပေါ် အခုကဲ့သို့ လာရောက် စုံစမ်းစစ်ဆေးမှုများလုပ်သည်ဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းအပြင် နောက်ထပ်ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် Narinjara သတင်းဌာနာမှ “အေအေဗိုလ်လောင်း ၈ ဦး အောက်မေ့ဖွယ်အခမ်းအနား စစ်တွေတွင်ပြုလုပ်” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့မှုကြောင့် အဆိုပါသတင်းဌာနကိုလည်း SB ဟု ယူဆရသူများမှ လာရောက်စုံစမ်းမှုများရှိခဲ့ကြောင်းသိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက “၇ နှစ်ပြည့်ပြီဖြစ်သည့် AA ပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခြင်းခေါင်းစဉ်နဲ့ ရေသားဖော်ပြခဲ့သည်။ယင်းနောက် “စစ်တွေတွင် ရက္ခိုင့်တပ်တော်မှ ဗိုလ်လောင်း ၈ ယောက်ကျဆုံးခြင်း အထိမ်းအမှတ်အခမ်း အနား ပြုလုပ်”ဆိုသည့် ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ကို ဆက်လက်ဖော်ပြခဲ့ပြီးသည့် နောက်ပိုင်းတွင် ယခုကဲ့သို့ လာရောက်စုံစမ်းမှု များပြုလုပ်ခဲ့သည်ဟု ယူဆရကြောင်း Western News အယ်ဒီတာချုပ်ဖြစ်သူ ပြောကြားချက်အရသိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s