စစ်အုပ်စု ထုတ်ကုန် ဘီယာများနှင့် သတင်းစာများကို ကနီ PDF ဖျက်ဆီး

ကနီမြို့နယ်အတွင်း ဖြတ်သန်း သယ်ဆောင်လာသည့် စစ်အုပ်စု၏ ထုတ်ကုန် ဘီယာများနှင့် သတင်းစာများကို ကနီ PDF တပ်ဖွဲ့များက ယမန့်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်တွင် ဖမ်းဆီး ဖျက်ဆီး ခဲ့သည်။စစ်အုပ်စု၏ ထုတ်ကုန်များကို သုံးစွဲခြင်း မပြုဘဲ Boycott ပြုလုပ်ကြရန် ကနီမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကလည်း ကြေညာထားခဲ့ပြီး ဖြစ်သည် ဟု ဆိုသည်။

စစ်အုပ်စု၏ ထုတ်ကုန်များကို သယ်ဆောင်ခြင်း ၊ ရောင်းချခြင်း နှင့် ဝယ်ယူခြင်းများကို တွေ့ရှိပါက ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း သတိပေးထားသည်။

ကနီမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုရ (NUG) ၏ လမ်းညွှန်ချက်နှင့် အညီ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် အောက်တိုဘာလ ၂၄ ရက်မှ စတင်ကာ ဖွဲ့စည်းထားခဲ့သည်။အကြမ်းဖက် စစ်ကောင်စီ ၏ အုပ်ချုပ်မှုကို လက်မခံဘဲ မိမိတို့ ရပ်ရွာများအတွင်း တရားမျှတစွာဖြင့် ကိုယ်ပိုင် အုပ်ချုပ်ရန်နှင့် မိမိတို့ဒေသသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်များကို PDF တပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ရန် ရည်ရွယ်ကာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s