စစ်‌ရဟတ်ယာဉ် ကျည်သင့်ခဲ့သည့် ဆောတွင် စစ်ရေးတင်းမာနေ

ယမန်နေ့ (နိုဝင်ဘာ ၁) မကွေးတိုင်း ဆောမြို့နယ်၌ တိုက်ပွဲအတွင်း လာရောက်တိုက်ခိုက်သော MI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီးအနက် တစ်စီးကို ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့ကြောင်း ဆောဒေသကာကွယ်ရေးအဖွဲ့ (ဆော-PDF) က ယနေ့ သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီတပ်သား ၆၀ ခန့် ထိုနေရာတွင် ပိတ်မိနေစဉ် ရောက်လာသော ထိုရဟတ်ယာဉ်ကို မည်သည့်လက်နက်အမျိုးအစားဖြင့် ပစ်ခတ်လိုက်ကြောင်း ဆော – PDF က ထုတ်ပြောခြင်း မရှိပေ။

မီးခိုးထွက်နေသာ ရဟတ်ယာဉ်တစ်စီး ကျောက်ထုလေယာဉ်ကွင်းသို့ အရေးပေါ်ဆင်းသက်ခဲ့ရသည်ဟု ကင်းထောက်များမှတဆင့် သိရကြောင်း ဆော – PDF တပ်ရင်းမှူးက ပြောသည်။

“နောက်ဆုံးသိရတာကတော့ သူတို့ လေယာဉ်ကိုပြင်နေတယ်”ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ ဆောမြို့နယ် တောမရွာအနီးမှ  ကျောက်ထုမြို့သို့ မိုင် ၅၀ ခန့် ခရီးရှိသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့မှ တောတိုး၍ ဆင်းလာသည့် ထိုစစ်ကြောင်းကို နိုဝင်ဘာ ၁၇ မှအစပြု၍ CDF ကန်ပက်လက်၊ CDF မင်းတပ်၊ ဆော PDF၊ YDF ဆော – ကျောက်ထု စသည့် ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်း၍ လိုက်လံတိုက်ခိုက်နေခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၉ အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်း သေဆုံးခဲ့ကာ ဒဏ်ရာရ တပ်ရင်းမှူးနှင့် စစ်သားများကို MI 17 အမျိုးအစား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ဖြင့် ယမန်နေ့ (နိုဝင်ဘာ ၁၉) ညနေပိုင်းတွင် လာရောက်ကယ်ထုတ်သွားကြောင်း၊ ၎င်းတို့ဘက်မှ ၂ဦးသေဆုံးကြောင်း  ဆော – PDF က ပြောသည်။ 

စစ်ကောင်စီတပ် ပိတ်မိနေသည့် နေရာသို့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းတစ်ခု လာရောက်ပူးပေါင်းရန် ကြိုးပမ်းနေသည်ဆိုသော သ တင်းလည်းထွက်ပေါ်နေကြောင်း၊ ယနေ့ (နိုဝင်ဘာ ၂၀) တွင် စစ်ကောင်စီဘက်က ပစ်ခတ်မှုမရှိကြောင်း၊ အထက်ပါ အဖွဲ့၏ တပ်ရင်းမှူးက ပြောသည်။

“တိုက်ပွဲက ဖြစ်နိုင်ခြေက ရှိသေးတယ်ဗျ။ ဆက်လက်တင်းမာနေဆဲပဲ” ဟု ၎င်းက ပြောသည်။

ထိုစစ်ကြောင်းမှာ ထိုနေရာမှ မိုင် ၆၀ ခန့် ကွာဝေးသည့် ပေါက်မြို့နယ်သို့ နိုဝင်ဘာ ၂၁ (မနက်ဖြန်) အရောက်ချီတက်ရန် အမိန့်ရထားသည့် တပ် ရင်းဖြစ်ကြောင်း ဆော – PDF က ပြောသည်။

ဆောမြို့နယ်အပါအဝင် ယောဒေသတစ်ဝိုက်တွင် စစ်ကောင်စီက စစ်သားအင်အား ၁၅၀၀ ဝန်းကျင်ဖြင့် လှုပ်ရှားနေကြောင်း ဒေသခံ PDF အဖွဲ့ဝင်များက ခန့်မှန်းထားကြပြီး အများစုမှာ တပ်မ ၉၉ နှင့် တပ်မ ၃၃ လက်အောက်ခံတပ်များဖြစ်သည်ဟု ဆိုသည်။ ပြင်းထန်သော ထိုးစစ်ကို ခုခံရန် ဒေသခံကာကွယ်ရေးတပ်တို့ကလည်း ပြင်ဆင်ထားကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်တပ်ကို နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံကြရာတွင် ချင်း ပြည်နယ်နှင့် မကွေးတိုင်းနယ်နမိတ်အနီးတွင်ရှိ ဒေသများသည်လည်း အပါအဝင်ဖြစ်သည်။

စစ်ကောင်စီကလည်း ထိုဒေသများအတွင်း တိုက်ပွဲများတွင် လက်နက်ကြီးများအပြင် ရဟတ်ယာဉ်ပါ သုံး၍ တောက်လျှောက်စစ်ဆင်နေ သည်။

ရဟတ်ယာဉ်ကျည်ထိမှန်သွားသလို သေဆုံး၊ ဒဏ်ရာရသူ များပြားနေသည်ဟူသော ဒေသကာကွယ်ရေးအဖွဲ့များဘက်က ပြောသည့် ထိုတိုက် ပွဲအခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီကလည်း ထိုတိုက်ပွဲများအကြောင်း သတင်းအမှောင်ချထားတတ်သည်။

အာဏာသိမ်းမှု ဆန့်ကျင်စိတ် ပြင်းထန်သော ဒေသခံ PDF တပ်ဖွဲ့၀င်များတွင် အများစုက တူမီး၊ ခါးချိုး စသည့် ပစ်အားနှင့် ကျည်ထွက်အားမကောင်းသည့် လက်လုပ်သေနတ်များ ကိုင်ဆောင်ထားကြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့မှာ လူထုထောက်ခံမှု မရသော်လည်း ချေမှုန်းရေးလက်နက် အပြည့်အစုံတပ်ဆင်ထားပြီး ရေတပ်၊ လေတပ်ကိုလည်း အသုံးပြုခွင့်ရထားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s