ဆောမြို့နယ်၊ ကျင်းလိန်ရွာအနီးတွင် CDF တပ်ဖွဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ၏ ရ ဟတ်ယာဉ် ၁ စီး မီးခိုးထွက်ပြီး အရေးပေါ် ဆင်းသက်ခဲ့ရ

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျင်းလိန်ရွာအနီး နိုဝင်ဘာလ ၁၉ ရက်နေ့ တိုက်ပွဲတွင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ် ၁ စီး မီးခိုးတလူလူဖြင့် ကျောက်ထုလေယာဉ်ကွင်းသို့ အရေးပေါ်ဆင်းသက်သွားကြောင်း PDF-ဆော က သတင်းထုတ်ပြန်သည်။

အဆိုပါ ရဟတ်ယာဉ်သည် မည်သည့်အမျိုးအစားဖြစ်ကြောင်းနှင့် ထိခိုက်ပျက်စီးမှု အသေးစိတ်အး လတ်တလော မသိရှိရသေးပေ။ကျင်းလိန်ရွာအနီးတွင် ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF၊ YDF၊ PDF-ဆော ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၄၀ ကျော် သေဆုံးခဲ့ပြီး PDf-ဆော တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။အဆိုပါ တိုက်ပွဲတွင် အ ကြမ်းဖက်စစ်ကောင်စီသည် Mi35p အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်အသုံးပြုကာ ဝေဟင်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာ ကွယ်ရေးတပ်ဖွဲ့များက ပြောသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s