ပုသိမ်-မုံရွာလမ်းပေါ် စစ်ကား ၁စီး မိုင်းဆွဲခံရပြီး စစ်သား ၈ဦးသေဆုံး၊ တန့်ဆည်တွင် စစ်ကား မိုင်းဆွဲခံရကာ ၄ဦးသေဆုံး၊ မြောင်တွင်လည်း စစ်ကား ၄စီး မိုင်းဆွဲခံရကာ ၂စီးထိမှန်ပြီး ကားပေါ်ပါလာသူ အားလုံးနီးပါး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ပုသိမ်- မုံရွာလမ်းတွင် ယင်းမာပင် PDFက ယနေ့ နိုဝင်ဘာလ ၂ဝရက်နေ့ နံနက် ၁၁နာရီခန့်အချိန် မိုင်းရှင်းလင်း​ရေး လာ​ရောက် လုပ်​ဆောင်သည့် စစ်ကား ၁ စီးကို မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ဦး သေဆုံးကြောင်း ယင်းမာပင် PDF အဖွဲ့ထံမှ သိရသည်။

အလားတူတန့်ဆည်မြို့နယ် ကပဲရွာနှင့်ဘေရင်းရွာ အနီးတဝိုက်တွင် ယနေ့ နိုဝင်ဘာလ ၂ဝရက်နေ့ ညနေ ၃နာရီတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့၊ ပျူစောထီးအဖွဲ့နှင့် တန့်ဆည်မြို့နယ် PDF တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွား​ကြောင်း၊ စစ်ကူရန်လာသော စစ်ကား ၁စီး မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ဦးသေဆုံးကြောင်း တန့်ဆည်မြို့နယ် PDF အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီ စစ်ကားသည် တန့်ဆည်ရဲစခန်းမှ စစ်ကူရန် ထွက်လာခြင်းဖြစ်ပြီး တန့်ဆည်နှင့် ငတန်းကြားတွင် တန့်ဆည်မြို့နယ် PDFအဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြောင်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၄ စီးကို ယနေ့ နို ဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်များက နေရာ ၂ ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကား၂ စီး ထိမှန်ခဲ့​ကြောင်း၊ကားပေါ်ပါလာသော စစ်သား အားလုံးနီးပါး သေဆုံးကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှသိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s