ဖာပွန်ခရိုင်တွင်း စစ်ကောင်စီတပ်၊ BGF နှင့် KNLA ကြား နှစ်ရက်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး ၄ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန် (မူတြော်) ခရိုင်အတွင်း နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်များတွင် အကြမ်း ဖက်စစ်ကောင်စီတပ်၊ လက်ပါးစေ BGF ပူးပေါင်းတပ်နှင့် KNLA ကြား ရင်ဆိုင်တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး ၄ ဦး ဒဏ်ရာရကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၀ နာရီတွင် ဘူးသိုမြို့နယ်၊ ဘူးအားဒဲကျေးရွာအုပ်စု၊ မယ်ခါးထာဒေသတွင် ၁ ကြိမ်၊ ညနေ ၄ နာရီ ၄၀ မိနစ်တွင် ၁ ကြိမ်၊ ၁၉ ရက်နေ့ နံနက် ၉ နာရီတွင် ဘူးသိုမြို့နယ်၊ ခေါပုတ်ဒေသတွင် ၁ ကြိမ် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၉ ရက် တွင် စစ်ကောင်စီ၏ စကခ ၈ လက်အောက်ခံ၊ ခမရ ၄၀၉ ဟော်မဒေါစခန်းအခြေစိုက်ရှိတပ်များသည် မာမူကျေးရွာအ တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း မူတြော်သတင်းစဉ်ထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်ပါးစေ BGF များသည် KNU တပ်မဟာ ၅ နယ်မြေအတွင်း တပ်စခန်းများ ဆောက်လုပ်နေခြင်း၊ အပြစ်မဲ့ ပြည်သူများအပေါ် လူ့အခွင့်အရေး ထပ်ခါတလဲ ကျူးလွန်နေကြောင်းနှင့် KNLA နှင့် နေ့စဉ် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားနေကြောင်း မူတြော်သတင်းစဉ်က ရေးသားဖော်ပြသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s