မကွေးနှင့်စစ်ကိုင်းတိုင်းတို့တွင် စစ်တပ်က လေကြောင်း အပါအဝင် ထိုးစစ်အရှိန် မြှင့်သော်လည်း စစ်သားများသာ သေဆုံးမှုများ၊ နိုင်ငံတစ်ဝန်း စစ်ကောင် စီတပ်ဖွဲ့ဝင် ၁၃၃ ဦးသေဆုံး

မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် စစ်ကောင် စီတပ်များက လေကြောင်း အပါအဝင် ထိုးစစ်များ အရှိန်မြှင့်လာသော်လည်း လက်တွေ့တွင်မူ စစ်ကောင်စီဘက်တွင်သာ အကျအဆုံးလာပြီး နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၃ ဦးကျဆုံးကြောင်း ရန်ကုန်ခေတ်သစ်က ယနေ့ စာရင်းကောက်ခံရရှိသည်။

ရန်ကုန်တိုင်း၊ တွံတေးတွင် Mytel တာဝါတိုင်စောင့် အရပ်ဝတ် စစ်သား ၂ ဦး ပစ်သတ်ခံရ

==============================================================

ရန်ကုန်တိုင်း၊ တွံတေးမြို့ ၊ စမ်းရွာကျေးရွာရှိ Mytel တာဝါတိုင်စောင့် အရပ်ဝတ် စစ်သား၂ ဦး ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ဆိုင်ကယ်စီးနေချိန် ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း ဒေသကာကွယ်ရေး တပ်ထံမှ သိရှိရသည်။ အဆိုပါ ပစ်ခတ်မှုကို PDF Twantay မှာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု PDF Twantay က ကြေညာချက် ထုတ်ပြန်ထားသည်။ ”ငါတို့ ပျံလွှားတချို့ အဖမ်းခံရပေမယ့် အတောင်ကျိုးရင်တောင် ရအောင်ပျံမယ်။ စစ်အာဏာရှင်တွေ သေမင်းကကြိုနေပြီ။ အရေးတော်ပုံ မုချ အောင်နေပြီ” ဟု PDF Twantay ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်ဖက်ဆစ် စစ်တပ် ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည် ဒေသခံများက ပြောကြားသည်။အလားတူ လှည်ကူးမြို့နယ်တွင်လည်း ယနေ့ညပိုင်း ဗုံးများဆက်တိုက်ပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။

အရာတော်၊တည်တောကျေးရွာတွင် စစ်တပ် ပဒေသာမိုင်းထိ၍ ၃၀ ခန့် သေဆုံး

==========================================

အရာတော်-ဝက်လက်အစပ် မူးမြစ်ကမ်းပါးရှိ တည်တောကျေးရွာတွင် တပ်စွဲရန်လာရောက်သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပဒေသာမိုင်း အတွဲလိုက် ဖောက်ခွဲကာ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးနိုင်ပြီး စာသင်ကျောင်းရှေ့တွင် အလောင်းများပုံနေကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။”ပဒေသာမိုင်းနဲ့ အတွဲလိုက်မိသွားတာပါ။ လျှော့ပေါ့ခန့်မှန်းရတာတောင် အသေ ၃၀ လောက်ရှိမယ်။ လာတဲ့အင်အားထဲက တော်တော်များများ ဒဏ်ရာရသွားလို့ အလောင်းတွေတောင် ပြန်ကောက်မပို့နိုင်ဘူး။ ကျောင်းရှေ့မှာ မည်းနေတာပဲ။ ခြေ လျင်စစ်သားတော်တော်လျော့သွားလို့ စခတ(၁၀)ကနေ အင်အားထပ်လာဖြည့်ရတယ်။”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဒေသသ တင်းရင်းမြစ် အရာတော်သတင်းမှန်ပြန်ကြားရေးသို့ ပြောသည်။

ဂန့်ဂေါတွင် ရဲ ၅ ဦးသေဆုံး

==================

နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲ ခန့်တွင် ဂန့်ဂေါမြို့မှ တောင်ပိုင်းသို့ထွက်ခွာလာသော ရဲခွေးများစီးနင်းလာသည့် အံစာတုံးကားနှစ်စီးအနက် တစ်စီးကို မိုင်တိုင် ၁၃ အနီးတွင် PDF-GanGaw တပ်ခွဲ ၂ က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအ ပြားရှိခဲ့ကြောင်း PDF ဂန့်ဂေါက သတင်းထုတ်ပြန်သည်။

ဆောမြို့တွင် စစ်သား ၄၀ သေဆုံး၊ PDF ၁ ဦးကျဆုံး

====================================

ယနေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဆောမြို့နယ်အတွင်းရှိ ကျင်းလိန်ရွာနှင့်တောမရွာအကြားတွင်CDF (Kanpetlet)၊CDF (Min dat)၊ YDF၊PDF.Saw ပူးပေါင်းပြီးအကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့်နံနက် ၈ နာရီအချိန်မှစ၍တိုက်ပွဲ ပြင်းထန်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီဖက်မှအနည်းဆုံး ၄၀ ခန့်ကျဆုံးပြီးထိခိုက်ဒဏ်ရာရသူများလည်းအများအပြားရှိကြောင်း ထို့သို့အထိနာနေသောအကြမ်းဖက်စစ်ကောင်စီသည် နေ့ခင်း ၁၂ နာရီခန့်တွင် လေကြောင်းရဟတ်ယာဥ်အသုံးပြုပြီးတစ်နာရီကြာခန့်ရဟတ်ယာဥ်နှစ်စီးကိုတစ်လှည့်စီအသုံးပြုပစ်ခတ်တိုက် ခိုက်ခဲ့ပါသည်။သို့ရာတွင် CDF ရဲဘော်များနှင့်YDFရဲဘော်များသည်တစ်စုံတစ်ရာထိလိုက်မှုမရှိသော်လည်းPDF.Sawအဖွဲ့မှ တစ်ဦးဒဏ်ရာပြင်းထန်နှင့်တစ်ဦးကျဆုံးခဲ့ပါသည်။

ကန်ပက်လက်တွင် စစ်သား ၄ ဦးသေဆုံး

================================

ယနေ့ နေ့လည်တစ်နာရီအချိန်ခန့်မှစပြီး ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင်းတွင်လည်းCDF(Kanpetlet)အဖွဲ့နှင့်အကြမ်းဖက်စစ်ကောင်စီအဖွဲ့အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့တွင်လည်းအကြမ်းဖက်စစ်ကောင်စီတစ်ဦးကိုCDF(Kanpetlet)ရဲဘော်တစ်ဦးကမော်တော်ဆိုင်ကယ်ဖြင့် အရှိန်ပြင်းစွာဝင်တိုက်ခိုက်ပြီးအကြမ်းဖက်စစ် သားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း CDF ကန်ပက်လက်က သတင်းထုတ်ပြန်သည်။

ထီးလင်းတိုက်ပွဲများတွင် စစ်သား ၃၆ ဦးသေဆုံး၊ PDF ၇ ဦး ကျဆုံးပြီး ၈ ဦးပျောက်၊ ပြည်သူ ၂ ဦးမီးရှို့သတ်ခံရပြီး အမည်မသိ အလောင်း ၁၅ လောင်းတွေ့ရ

=======================================================================================

နိုဝင်ဘာလ ၁၄ ရက်နေ့ ထီးလင်းဒေသသို့ ဆိုင်ကယ် (၁၇) စီးဖြင့် ရှေးပြေးတက်လာသည့် အကြမ်းဖက်စစ်သားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရှေ့ပြေးစစ်သား (၂) ဦး နေရာတွင်သေဆုံးခဲ့ပြီး ဒဏ်ရာရသူများ ရှိခဲ့ကြောင်း သိရှိရသည်။နိုဝင်ဘာလ ၁၆ ရက်နေ့ ထီးလင်း-ဂန့်ဂေါလမ်းအရှေ့ဘက်၌ အကြမ်းဖက်စစ်သားများ ရောက်ရှိလာပြီး ပြည်သူ (၅) ဦးကို ဖမ်းစီးသွားခဲ့ပြီး (၂) ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး ကျောက်ရွာရှိ ပြည်သူ (၂) ဦးအား မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ထန်းပင်ကုန်းရွာဝန်းကျင် စစ်ဘေးရှောင်စ ခန်းအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ကြရာ စစ်ဘေးရှောင်ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်ရင်း ပြည်သူအချို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အ ကြမ်းဖက်စစ်သား (၄) ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဒေသခံကာကွယ်ရေးတပ်သား (၇) ဦးခန့်ကျဆုံးပြီး (၄) ဦးခန့်ဒဏ်ရာရရှိကာ (၈) ဦးခန့် ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေ စုံစမ်းနေဆဲဖြစ်ကြောင်း တိုက်ပွဲဖြစ်သည့်နေရာသို့ ပျောက်ဆုံးသွားသည့် ရဲဘော်များအား ပြန်လည်ရှာဖွေရင်း နေရာတခုတွင် အလောင်း (၇) လောင်းနှင့် အခြားနေရာတခုတွင် အလောင်း (၈) လောင်းကို အကြမ်းဖက်စစ်အုပ်စုမှ မီးရှို့သွားခဲ့ပြီး ၎င်းတို့မှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးပေ။ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ထီးလင်း-ဂန့်ဂေါလမ်း တနေရာ၌ ထောက်ပို့လာသည်ဟုယူဆရသည့် အကြမ်းဖက်စစ်ကား (၅) စီးအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ (၂) စီး ထိမှန်ပြီး (၁) စီးမှာ လုံးဝပျက်စီးသွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား (၃၀) ခန့် ထိခိုက်ဒဏ်ရာရရှိနိုင်ပြီး သေဆုံးသူအရေ အတွက် မသိရှိရသေးကြောင်း၊ ၎င်းတို့သည် ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်း၌ စခန်းချနေကြပြီး ရွာရှိ ဆရာဝန်၊ သူနာပြုများအား လိုက်လံရှာဖွေနေကြကြောင်း သိရှိရပါသည်။

ရေဖြူတွင် မိုင်းဆွဲခံရသဖြင့် စစ်သား ၄ ဦးသေဆုံး

========================================

ရေဖြူမြို့၊ ကံပေါက်ဒေသ၊ ‌ဖား‌ချောင်းတွင် ဒလန်အသတ်ခံရမှုကို လာရောက်စစ်ဆေးသည့် စစ်‌ကောင်စီ ကား၃စီးပါယာဉ်တန်းသည် ယနေ့နံနက်(၈)နာရီဝန်းကျင်ခန့်တွင်မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရပြီး စစ်သား ၄ ဦးသေဆုံးကြောင်း သိရှိရသည်။ ရွာဘုန်းကြီးကားကို‌ရှေ့၌ဒိုင်းလုပ်ပြီး ဖားချောင်းသို့လာသောစစ်ကောင်စီကား၃စီးကို တောင်ရင်းအင်းရွာမရောက်မီ ကံပေါက်-တောင်ရင်းအင်း လမ်းဆုံ၊ အရပ်ခေါ်(မြေခဲတောင်) အနီးတွင်အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)ကမိုင်းဆွဲတိုက်ခိုက်လိုက်ပြီး မိနစ်၂၀ခန့်အပြန်အ လှန်ပစ်ခတ်မှုများရှိသည်ဟု ဒေသခံများထံမှသိရသည်။မိုင်းဆွဲမှုဖြစ်စဉ်တွင် စစ်ကောင်စီကားတစ်စီးမြောင်းထဲကျသွားကာပျက်စီးသွားပြီး စစ်‌ကောင်စီဘက်မှ၄ဦးသေ၊ ၄ဦးထိခိုက်ဒဏ်ရာရ၍ PDFအဖွဲ့မှ အထိအခိုက်အကျအဆုံးမရှိကြောင်း တိုက်ပွဲပြီးနောက်အလောင်းလာ သယ်ရသည့် တောင်ရင်းအင်းနာရေးကူညီမှုအသင်းကအတည်ပြုသည်။PDFမှဆုတ်ခွာသွားပြီး‌နောက် ထိခိုက်ဒဏ်ရာရသူများကို စစ်ကောင်စီသည် တောင်ရင်းအင်းရွာကကားတစ်စီးကို ခြိမ်းခြောက်ပြီး ရေတပ်ဆေးရုံသို့လိုက်ပို့ခိုင်းကြောင်း ရွာခံတစ်ဦးက ပြော သည်။လက်ရှိအချိန် အခင်း ဖြစ်ပွားရာ၊ မြေခဲတောင်အနီးတွင် စစ်‌ကောင်စီကား(၁၄)စီး၊ အင်အား၁၀၀ကျော်ခန့်ရောက်ရှိနေပြီး၊ စစ်ကြောင်းထိုးရန်ပြင်ဆင်နေသည့်သ ဘောဖြင့်ရှိနေကြောင်း အနီးအနားရွာ နေပြည်သူများထံမှသိရသည်။

KNU တပ်မဟာ ၁ နယ်မြေတွင် BGF ၁၀ ဦးသေဆုံး

==============================

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁၊ ဒူးသထူခရိုင်အတွင်း ဝင်ရောက်လာသော ကရင်နယ်ခြားစောင့်တပ် BGF ၉၉၉ တပ်မ၊ လက်အောက်ခံအဖွဲ့များအား နိုဝင်ဘာလ ၁၇ ရက် ၁ ရက်အတွင်း KNLA က ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် BGF တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ဒဏ်ရာရကြောင်း KNU က သတင်းထုတ်ပြန်သည်။

ကလေး၀မြို့နယ်တွင် စစ်ကောင်စီခန့် စစ်ကိုင်း၀န်ကြီးချုပ်ဦးမြတ်ကျော် လိုက်ပါသော ယာဉ်တန်း မိုင်းဆွဲခံရ

===========================================================================

စစ်ကိုင်းတိုင်း ကလေး၀မြို့နယ် ကလေးဝ-တန့်ဆည်-ရေဦးလမ်းပိုင်း မဟာမြိုင်တောတွင်းတနေရာတွင် စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ယာဉ်တန်းကို ယနေ့ နိုဝင်ဘာ(၁၉)ရက်နေ့ နံနက်ပိုင်း ကလေး၀ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်၊ မုံးကိုးတွင် တိုက်ပွဲဖြစ်

============================

ရှမ်း​ပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့၊ ဖော်ဂျုံး ကျေးရွာ အထက် တွင် ကိုးကန့်တပ် MNDAAနှင့် စစ်ကောင်စီတို့ ယ​နေ့နံနက် ၁၁ နာရီခန့်က စတင်ပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း သိရှိရသည်။

ဒီမော့ဆိုးတွင် စစ်သား ၂ ဦး သေဆုံ

===============================

နိုဝင်ဘာလ ၁၈ ရက်နေ့ ကယားပြည်နယ်၊ ဒီမော့ဆိုးမြို့နယ်၊ ၆ မိုင်ကျေးရွာကို စစ်ကောင်စီယာဉ်တန်း ဖြတ်သန်းစဉ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးသွားကြောင်း ကရင်နီ PDF က သတင်းထုတ်ပြန်သည်။

ကချင်ပြည်နယ်၊ ရွှေကူတွင် တိုက်ပွဲဖြစ်

================================

နိုဝင်ဘာ ၁၉ ရက်နေ့ ကချင်ပြည်နယ် ရွှေကူမြို့မှ စုန်ဆင်းလာကာ စစ်သားများတင်ဆောင်လာသော သင်္ဘော ၂ စီးကို မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်ခန့် ကသာမြို့နယ် မင်းလယ်ကျးရွာအနီးမြစ်ကျင်းတွင် KIA ၊ကသာPDFနှင့် ကသာဒေသ ကာကွယ်ရေးတပ်များက ထိုးစစ်ဆင်တိုက်ခဲ့ပြီး နှစ်ဖက်လက်နက်ကြီးများဖြင့် ၁၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကသာဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s