မဟာအောင်မြေမြို့နယ်၌ ဗုံးကွဲ စစ်ကောင်စီတပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၃၈ လမ်း၊ ၈၇ လမ်းနဲ့ ၈၈ လမ်းကြား၊ ရတနာပုံသာ (ဦးပေစိ) ဘုရားဝင်းအတွင်း စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာမှာ နိုဝင်ဘာ ၁၉ ရက် ည ၇ နာရီဝန်းကျင်က ဗုံးနဲ့ ပစ်ခံရပြီး စစ်ကောင်စီတပ်သား ၂ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ဦးပေစိ ဘုရားထဲမှာရှိတဲ့ စစ်သားတွေကို ဗုံးနဲ့ ပစ်သွားတာ။ ဗုံးကွဲတော့ အဲ့ဒီထဲကနေ ပြန်ပစ်တယ်။ လေး ငါး ဆယ် ချက်လောက်ရှိမယ်။” လို့ အနီးနားနေ  ပြည်သူတဦး က ပြောပါတယ်။

GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ Black Image ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျား တပ်ဖွဲ့တို့ ပူး ပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၅  ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ရတနာပုံသာ (ဦးပေစိ) ဘုရား အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s