မအူပင်မြို့တွင် ပရဟိတအဖွဲ့ခေါင်းဆောင်၏ နေအိမ် ၃ လုံးကို စစ်ကောင်စီ ချိပ်ပိတ်

ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ ပျိုးခင်းသစ် ဖောင်ဒေးရှင်း ပရဟိတအဖွဲ့ ဦးဆောင်သူ ဦးသန်းထိုက်အောင်၏ နေအိမ်၊ ဥယျာဉ်ခြံနှင့် အဖွဲ့ရုံး ဖွင့်လှစ်ထားသော နေအိမ်များကို ယနေ့၊ နိုဝင်ဘာ ၂၀ ရက်တွင် စစ်ကောင်စီက ချိပ်ပိတ်လိုက်ကြောင်း ဒေသခံက ပြောသည်။“အိမ်ရော အိုင်ဝိုင်းက ခြံရောကို ချိတ်ပိတ်လိုက်တာ။ အခု ပျိုးခင်းသစ် ဖွင့်ထားတာကလဲ ကိုထိုက်အိမ်ပဲလေ။ အဲ့ဒါကိုပါ ပိတ်လိုက်တာ။ မိသားစုကတော့ မအူပင်မှာ မရှိတာကြာပြီ”ဟု အဆိုပါ ဒေသခံက ပြောသည်။
ဦးသန်းထိုက်အောင်သည် စစ်ကောင်စီက အမှုဖွင့်ခံထားရသူတစ်ဦး ဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ယခုကဲ့သို့ နေအိမ်များ သိမ်းဆည်းခံရခြင်းကို ဝမ်းနည်းခြင်း မဖြစ်မိကြောင်းနှင့် သေကွဲ ကွဲရသည့် သူများနှင့် ယှဉ်လျှင် အ သေးမွှားသာ ဖြစ်သည်ဟု ဦးသန်းထိုက်အောင်၏ မိသားစုဝင်များက ပြောဆိုသည်။ “အိမ်ရှင်တွေ ခရီးသွားနေတုန်း ခြံစောင့်ခွေးတွေ ခြံကို လာစောင့်ပေးတာလို့ပဲ မြင်တယ်။
အိမ်ရှင်တွေ ပြန်လာတဲ့နေ့ ခြံစောင့်ခွေး ခွေးနေရာ သွားရမှာပဲ။ ငါတို့တစ်နေ့ ကိုယ့်အိမ်ကိုယ် ပြန်ကြရမှာ”ဟု လည်း ဦးသန်းထိုက်အောင်က ပြောသည်။ mizzima