မော်လမြိုင်တွင် အမျိုးသား ၂ ဦး ဆိုင်ကယ်အတူစီးလျှင် ထိုင်ထလုပ်ခိုင်းပြီး ဒဏ်ငွေရိုက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အထွက် ခြောက်မိုင်စစ်ရေးဂိတ်မှာ အမျိုးသား ၂ ဆိုင်ကယ်အတူစီးရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆဲဆိုကြိမ်းမောင်ပြီး ထိုင်ထလုပ်ခိုင်းနေတယ်လို့ မြို့ခံတွေက DVB ကို ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်မှာတော့ နိုဝင်ဘာ ၁၈ ရက်နေ့ကစပြီး အမျိုးသား ၂ ယောက်ဆိုင်ကယ်အတူစီးတာနဲ့ အမျိုးသမီးအနောက်က အမျိုးသား လိုက်ပါစီးနင်းမှုတွေကို စစ်ဆေးတွေ့ရှိရင် ဆဲဆိုကြိမ်းမောင်းပြီး ထိုင်ထ အကြိမ် ၅၀ လုပ်ခိုင်းနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ညနေနဲ့ ညပိုင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက မြို့အတွင်း လှည့်လည် စစ်ဆေးတာတွေ လုပ်ဆောင်ရာမှာလည်း အမျိုးသား ၂ ယောက် ဆိုင်ကယ်အတူ စီးနင်းမှုတွေကို ဖမ်းဆီးစစ်ဆေးပြီး ဒဏ်ငွေရိုက် အရေးယူတာတွေ လုပ်ဆောင်လာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မော်လမြိုင်မှာတော့ အမျိုးသား ၂ ယောက် ဆိုင်ကယ်အတူ စီးနင်းခွင့်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားတာ မရှိပေမယ့် အောက်ခြေတပ်ဖွဲ့ဝင်တွေက ဒေသခံပြည်သူတွေအပေါ် ဆဲဆိုကြိမ်မောင်းပြီး ထိုင်ထလုပ်ခိုင်းတာနဲ့ ဒဏ်ငွေရိုက် အရေးယူတာတွေ လုပ် ဆောင်လာတာပါ။

မြန်မာနိုင်ငံမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် အခုနိုဝင်ဘာလကစပြီး ထားဝယ်၊ မြိတ် အပါအဝင် မြို့နယ် ၈ မြို့နယ် ထက်မနည်းမှာ အ မျိုးသား ၂ ယောက်ဆိုင်ကယ်အတူစီးတာနဲ့ အမျိုးသမီးအနောက်က အမျိုးသား လိုက်ပါစီးနင်းမှုတွေ အမေးအမြန်းမရှိ ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s