ရခိုင် ရွာသား ၂၃ ဦးအမှု စီရင်ချက်ချရက် ရွေ့ဆိုင်း

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ရန် ရုံးချိန်းချိန်းထားသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၃ ဦးအ မှုကို ဒီဇင်ဘာလ ၃ ရက်နေ့ကို ရုံးချိန်းထပ်မံရွှေ့လိုက်သည်ဟု အမှုလိုက်ပါ ဆောင် ရွက် ပေးနေသည့် ရှေ့နေက ပြောသည်။နိုဝင်ဘာလ ၁၉ ရက်နေ့ ရုံးချန်းကို ဒီဇင်လာလ ၃ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု အမှုလိုက်ရှေ့နေ များထဲမှ တစ်ဦးက ပြောသည်။“သူတို့အဓိကက တရားသူကြီး ဒီနေ့ ရုံးချိန်းမလာနိုင်လို့ ရက်ရွှေ့လိုက်ရတာပါ။ တရားသူကြီးက နေမကောင်း ဘူးလို့ ပြောပါတယ်။ ဟုတ်ပါတယ် အမှန်က ဒီနေ့က အပြီးသတ်ရုံးချိန်းပါ။ ဒီ နိုဝင်ဘာလ ၁၉ ရက်နေ့ပါ။ အဲ့ ဒါကို အခုက နောက်လ ဒီဇင်ဘာလ ၃ ရက်နေ့ကို ပြန်ပြီးတော့ ရုံးချိန်းရွှေ့လိုက်ပါတယ်” ဟု အမှုလိုက်ရှေ့နေ တစ်ဦးက ပြောသည်။

ရက္ခိုင့်တပ်တော် AA နှင့် ပတ်သက် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် နှစ်နှစ် ကျော်အကြာ ဖမ်းဆီးတရားစွဲဆိုခံထားရသည့် လက္ကာကျေးရွာသား ၂၃ ဦး အမှုကို တရားသူကြီးက ခွင့်ယူ ထား သည် ဆိုသည့် အကြောင်းပြချက်နှင့် အပြီးသတ်အမိန့်မချပဲ လာမည့် ဒီဇင်ဘာလသို့ ရုံးချိန်း ထပ်မံ ရွှေ့ဆိုင်း လိုက်ခြင်း ဖြစ်သည်။ယခုကဲ့သို့ အပြီးသတ်အမိန့်ချမည့်ရက်ကို ရွှေ့ဆိုင်းခြင်းသည် ပထမဆုံးအကြိမ်ရွှေ့ဆိုင်းခြင်းမျိုး မဟုတ်ပဲ နိုဝင် ဘာလ ၅ ရက်နေ့ကလည်း တစ်ကြိမ်ရွှေ့ဆိုင်းခဲ့သေးသည်ဟု ရှေ့နေက ဆက်ပြောသည်။ “တရားသူ ကြီးနေမကောင်းလို့ ခွင့်ယူတာပဲပြောတာဗျ။ တခြားတော့ ဘာမှမပြောဘူး။ အခုလိုရက်ရွှေ့တာ က လည်း ဒီတစ်ခါတည်းမဟုတ်ဘူး။ ပြီးခဲ့တဲ့ ၅ ရက်နေ့ပေါ့နော်၊ နိုဝင်ဘာလ ၅ ရက်နေ့တုန်းကလည်း ရွှေ့လိုက် တယ်။ နိုဝင်ဘာလ ၅ ရက်နေ့ကို ၁၉ ရက်နေ့ရွှေ့တယ်။ အခု ၁၉ ရက်နေ့ကို နောက်လ ၃ ရက်နေ့ကို ပြန်ရွှေ့ တယ်။

ဒါမျိုးကတော့ မဖြစ်သင့်ဘူးဗျ။ လွှတ်ပေးမှာဆိုလည်း လွှတ်ပေး။ စီရင်ချက်ချမယ်ဆိုလည်း ချပေးရ မှာလေ။ မိသားစုဝင်တွေကတော့ မြန်မြန်စီရင်ချက်ချစေချင်တယ်ပဲ ပြောနေကြတာပါ။”နိုဝင်ဘာလ ၅ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်ရမှာ ဖြစ်သော်လည်း နိုဝင်ဘာလ ၁၉ ရက်နေ့ ကို ပြောင်း ရွှေ့ထားခဲ့ခြင်းဖြစ်ရာ ယခုလည်း အပြီး သတ်အမိန့်မချပဲ နောက်ထပ်ရုံးချိန်း ချိန်းဆိုလိုက်ခြင်း ဖြစ်သည်။နိုဝင်ဘာလ ၅ ရက်နေ့ကလည်း အမှုနှင့် ပတ်သက်၍ အမိန့်ချရန် အဆင့်သင့်မဖြစ်သေးဘူးဟုဆိုကာ ရက် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ဖမ်းဆီးခံထားရသူများ၏ မိ သားစုဝင်များက နှစ်နှစ်ကျော်အကြာ ဖမ်းဆီးခံထားရခြင်းဖြစ်သည့်အတွက် အမြန် ဆုံးပြန်လွှတ်ပေးရန်နှင့် အမြန်ဆုံး အမိန့်ချပေးရန် တောင်းဆိုနေကြသည်။ လက္ကာကျေးရွာသား ၂၇ ဦးကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၉ ရက်နေ့က ရွာအနီးတွင် ဖြစ်ခဲ့သည့် စစ်တပ်နှင့် ရက္ခိုင့်တပ် တော် (AA) တို့ တိုက်ပွဲအပြီး စစ်တပ်က ဖမ်းခေါ်သွားတာဖြစ်ခဲ့ပြီး၊ ၂၀၂၀ ခုနှစ် ဩဂုတ်လတွင် တိမ်ညို စစ် ရှောင်စခန်းမှ အမျိုးသမီး တစ်ဦးကို ထပ်မံဖမ်းဆီးသွားကြခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံထားရသည့် ရွာသူ/ရွာသား ၂၈ ဦးထဲက သုံးဦးမှာ စစ်ကြောရေးတွင် သေဆုံးခဲ့ပြီး အသက်မပြည့် သေးသည့် ကလေးနှစ်ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ် မေလတွင် အမှု ရုတ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။ကျန်သည့် ရွာသား ၂၃ ဦးကို မြောက်ဦး ရဲတပ်ရင်းအား ဝင်ရောက်တိုက်ခိုက်မှု၊ စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှုတို့တွင် ဆက်စပ်မှုရှိသည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးထားပြီး အကြမ်းဖက်မှု တိုက်ဖျက် ရေး ဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၂ (က)၊ ၅၀ (ဈ)၊ ၅၄ တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ် သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s