ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့​၏ ထုတ်ပြန်ချက်မှာ အတုသာဖြစ်

ဦးဖြိုးဇေယျာသော် အဖမ်းခံရခြင်းနှင့်ပက်သက်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ( ရန်ကုန် ) မှ ပြစ်တင်ရှုပ်ချသည်ဆိုသည့် ထုတ်ပြန်ချက်အတုတစ်စောင်ထွက်ပေါ် ပြန့်နှံ့နေပါသည်။အဆိုပါ ထုတ်ပြန်ချက်အတုတွင် “ဦးဖြိုးဇေယျာသော်သည် PDF ( YGN ) ကို ငွေကြေးနှင့်လက်နက်အ ထောက်အပံ့ပေးခြင်း ဖောက်ခွဲရေး၊လုပ်ကြံခြင်း၊စစ်ဆင်ရေးများကို အဓိက ဦးဆောင်ပေးသူဖြစ်တယ်လို့ဖော်ပြပါရှိသည်။

Yangon PDF အနေဖြင့် စစ်ကြောမေးမြန်းခံရချိန် ဦးဖြိုးဇေယျာသော်အနေဖြင့် လက်အောက်ငယ်သားများ​၏အချက်အလက်ကို ဖော်မည်ဟု သံသယ ရှိနေကြောင်း၊ ဖမ်းဆီးခံရချိန် လက်နက်ရှိသော်လည်း ပြန်လည်မခုခံပဲ အသာတကြည် လိုက်ပါသွားသည်ကို ရှုပ်ချသည်ဟု” အဲ့ဒီ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အဆိုပါထုတ်ပြန်ချက်ကို စတင်ဖြန့်ဝေသူမှာ subscribers ကိုးထောင့်နှစ်ရာကျော်ရှိ စစ်တပ်သတင်းများဖြန့်ဝေနေသည့် Ye Yint Htet ဆိုသည့် telegram channel မှ “ကိယ့်လူကိုယ်ပြန်သတ်နေကြပြီဆိုသည့်” ခေါင်းစဉ်ဖြင့် စတင်ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။မဇ္ဈိမသတင်းမှားတိုက်ဖျက်ရေးဌာနမှ ရန်ကုန်စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့​၏ သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး တာဝန်ခံထံဆက်သွယ်မေးမြန်းရာတွင် ” သတင်းမှားဖြစ်ပါတယ်၊ဒီအဖွဲ့က ရှိကို မရှိတာပါ” ဟုပြန်လည်ဖြေကြားခဲ့သည်။

ထို့ကြောင့် ဦးဖြိုးဇေယျာသော်သည် ဖမ်းခံရချိန် ပြန်မခုခံပဲ အသာတကြည်လိုက်ပါသွားခြင်းကို ရန်ကုန်တိုင်း PDF မှရှုတ်ချသည်ဆိုသည့် ထုတ်ပြန်ချက်မှာ ထုတ်ပြန်ချက်အတုသာဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s