လှည်းကူး၊ စာဘူးတောင်းရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီး ကားလမ်းပေါ်ရှိ စာဘူးတောင်းရွာနှင့် နှုတ်ခမ်းမွှေးရွာကြားတွင် ကင်းလှည့်နေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များအား MO 07 (Eagles)၊ Galon၊ စွန်ရဲအဖွဲ့များက နိုဝင်ဘာလ ၁၉ ရက် နံနက်နှင့် နေ့လယ်တွင် အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။

“မနက် ၈ နာရီခွဲလောက်မှာ ကင်းလှည့်ရဲကား လာတဲ့အချိန် ခေါ်မိုင်းခွဲတာ ထိတော့ထိတယ်၊ နည်းမယ်။ နေ့လယ် ၁၂ နာရီ ၁၈ မိနစ်လောက်မှာ စစ်ခွေးတွေ ထပ်ရောက်လာမှ နောက် ထပ် အကြီး ၂ လုံး ထပ်ခွဲတယ်၊ တော်တော်ထိမယ် အရေအတွက် အတိအကျတော့ မသိရသေးဘူး။ အပိုင်းအစတွေ လိုက်ကောက်ရတဲ့ အထိ ဖြစ်သွားတယ်” ဟု Eagles အဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ပထမအကြိမ် ခေါ်မိုင်းခွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာစဉ် မိုင်း အကြီး ၂ လုံး ထပ်ခွဲစဉ် ပေါက်ကွဲမှုကြီးမားပြီး အနီးနား ဝန်းကျင် ရွာများအထိပါ သက်ရောက်မှု ရှိကြောင်း၊ ၁၉ ရက်နေ့ ည ၇ နာရီအထိ အဆိုပါ လမ်းအား စစ်ကောင်စီက ပိတ်ဆို့ထားကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s