KNU တပ်မဟာ ၁ နယ်မြေအတွင်း ဝင်ရောက် လာသော BGF တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံး ၅ ဦးထက်မနည်း ဒဏ်ရာရ၊ ကား ၃ စီး ပျက်စီး

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁၊ ဒူးသထူခရိုင်အတွင်း ဝင်ရောက်လာသော ကရင်နယ်ခြားစောင့်တပ် BGF ၉၉၉ တပ်မ၊ လက်အောက်ခံအဖွဲ့များအား နိုဝင်ဘာလ ၁၇ ရက် ၁ ရက်အတွင်း KNLA က ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် BGF တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ဒဏ်ရာရကြောင်း KNU က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၇ ရက် နံနက် ၁ နာရီခန့်တွင် KNU တပ်မဟာ ၁ နယ်မြေ၊ ဘားအံမြို့နယ်၊ မဲသနကျေးရွာအုပ်စု၊ ကျော်ကေခီးကျေးရွာအနီးတွင် BGF ၉၉၉ တပ်မ၊ တပ်နယ် ၃ မှူး စောလားသစ်ဦးဆောင်သော ယာဉ်တန်းကို KNLA တပ်မဟာ ၁ တပ်ရင်း ၁ က ပစ်ခတ်တိုက်ခိုက်သဖြင့် BGF တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့ပြီး ၎င်းတို့မောင်းနှင်လာသော vigo အမျိုးအစား ကား ၂ စီး ပျက်စီးသွားကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီကျော်တွင် ကျော်ကေခီးကျေးရွာနှင့် ဖလံတောင်ကျေးရွာကြား ကားလမ်းပေါ်တွင် BGF ယာဉ်တန်းကို KNLA တပ်ရင်း ၁ က ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး BGF ၉၉၉ တပ်မ ဒုတပ်ရင်းမှူး စောကျော်ဖောအပါအဝင် ၃ ဦးသေဆုံးကာ ကား ၁ စီး ပျက်စီးသွားကြောင်း KNU ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင်လည်း ဘောသပြုကျေးရွာအနီးတွင် စောလားသစ် ဦးဆောင်သော ယာဉ်တန်းကို KNLA က ထပ်မံမိုင်းဆွဲတိုက် ခိုက်ခဲ့ပြီး သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း၊ အဆိုပါ BGF ၉၉၉ တပ်ဖွဲ့များသည် စစ်ကောင်စီလက်အောက်ခံတပ်များဖြစ်ပြီး KNU တပ်မဟာ ၁ နယ်မြေအတွင်းသို့ ဝင်ရောက်ကာ စစ်ကူပေးနေသည်ဟု သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s