ကျိုက်နဲရေလယ်နတ်လမ်းတွင် ပင်လယ်ရေနှင့်မျောပါသွားသူ ၁၄ ဦးအလောင်း ဆယ်ယူရရှိ

မွန်ပြည်နယ်  သံဖြူဇရပ်မြို့နယ်ရှိ ကျိုက်နဲရေလယ်ဘုရားပွဲ နတ်လမ်းမှာ နိုဝင်ဘာ ၂၁ ရက် မနက် ၇ နာရီလောက်က  ပင်လယ်ရေနဲ့ မျောပါသွားတဲ့ ၁၄ ဦးအလောင်း ဆယ်ယူရရှိပြီလို့  ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ကျိုက်နဲရေလယ်ဘုရားပွဲ နတ်လမ်းပေါ်တဲ့ ဒီနေ့မှာ လာရောက်ဘုရားဖူးသူ အလွန်များပြားကြောင်း၊ ပင်လယ်ရေနဲ့ မျောပါသွားတဲ့ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

ရေနစ်သေဆုံးသူတွေထဲမှာ  သံဃာတော် ၁ ပါးအပါအဝင် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေလည်း ပါဝင်ပြီး အလောင်းတွေကို ကျုံက ဒတ် မှ သံဖြူဇရပ်ဆေးရုံကို ကယ်ဆယ်ရေးသမားတွေက ပို့ဆောင်ပေးထားပါတယ်။

ဒါအပြင် ရေနစ်သေဆုံးတဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေနဲ့ ကယ်ဆယ်ရေးတွေ ပူးပေါင်းရှာဖွေ ဆယ်ယူနေပြီး ရေနစ်သေဆုံးသူတွေနဲ့ပျောက်ဆုံးနေသူတွေ ဘယ်သူဆိုတာတော့ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s