ကျွန်းလှ၊ ဥသျှစ်ကုန်းကျေးရွာမှ ဦးအောင်လွင်နှင့်ကိုဆန်နီတို့ ၂ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်၊ အရာတော်တွင် ကိုထူးနိုင်ကို စစ် တပ်က ပစ်သတ်၊ ကျေးရွာများကို စစ်တပ်က ဖျက်ဆီးခဲ့ပြီး ပြည်သူများ အသတ်ခံရကာ ပျောက် ဆုံးသူများရှိ

စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်နှင့်အရာတော်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များက ပြည်သူ ၃ ဦးကို သတ်ဖြတ်သွားပြီး ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ လိပ်ဆင်းတောင်အုပ်စု အုန်းရှစ်ကုန်းကျေးရွာသို့ နို ဝင်ဘာလ ၂၀ ရက်နေ့ စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းသို့ ဝင်ရောက်စီးနင်းရာတွင် ဦးအောင်မြင့်နှင့် ကိုဆန်နီတို့ ၂ ဦးတွင် NLD အလံတွေ့ရှိရသောကြောင့် ရွာမြောက်ဘက် လျှော်ဖြူခင်းသို့ လက်ပြန်ကြိုးတုပ်ပြီး ခါးတွင် ကြိုးဆွဲ၍ ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီးစစ်တပ်က မြေမြှုပ်ထားခဲ့ကြောင်း သိရှိရသည်။

“ရွာသား ၂ ဦးကို သေနတ်နဲ့ အချက် ၃၀ လောက် ပစ်သတ်ထားခဲ့တယ်။ လျှော်ဖြူခင်းနဲ့ မီတာ ၁၀၀ လောက် အကွာအဝေးမှာ သူတို့ ကျင်းတူးပြီးတော့ မြှုပ်ထားခဲ့တယ်။ အသတ်ခံရတဲ့ ရွာသားတွေရဲ့ နာမည်က ဦးအောင်လွင် (အသက် ၄၈) ၊ မောင်ဆန်နီ (ခေါ်) မြင့်အောင်က အသက် ၃၃ နှစ်။ မိသားစုဝင်တွေ ကျန်ခဲ့တယ်ဗျ ။ သူတို့က ၂ ယောက်စလုံးက အိမ်ထောင်ဦးစီးတွေ။ ရှေ့အိမ်နောက်အိမ် ရှေ့ဆင့် နောက်ဆင့် အိမ်နီး နားချင်းတွေ။ မိန်းမသားတွေချည်းပဲ ကျန်ခဲ့တယ်။ ကျင်းတစ်ကျင်းထဲမှာ မြေတူးပြီးတော့ အလောင်း နှစ်လောင်းကို တစ်ကြိမ်တည်း တစ်ခါ တည်း မြှုပ်ထားခဲ့တယ်။ ကျွန်တော်တို့ ရွာသားတွေက အကုန်လုံးဖော်ပြီး ကောင်းစွာ မီးသဂြိုဟ်ပေးလိုက်ပါတယ်” ဟု ဒေသခံတစ်ဦးကပြော သည်။

အလားတူ အရာတော်မြို့နယ်တွင်လည်း ဒေသခံတစ်ဦးဖြစ်သူ ကိုထူးနိုင်ကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။ နိုဝင် ဘာ(၁၉)ရက်နေ့က မူးမြစ်တဝိုက်က ကျေးရွာတွေကို အကြမ်းဖက်စစ်‌ကောင်စီက အင်အား(၁၀၀)ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းက တည်တော၊ သမရိုး၊ ဇရစ်နှင့် ဒုံဒစ်ရွာများထဲတွင်သာမက ရွာနီးချုပ်စပ် တောခြေများကိုပါ တောနင်းပြီး ဒေသခံပြည်သူ့ကာကွယ်ရေးစခန်းများကို လိုက်လံရှာဖွေခြင်းဖြကြောင်း၊ စစ်ကောင်စီတပ်များ တမနက်လုံးရှာဖွေသော်လည်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များကို မတွေ့သဖြင့် သမရိုးကျေးရွာအရောက်တွင် ရွာထဲမှ စက်ပြင်ဆရာ”ကိုထူးနိုင်”ဆိုသည့် ရွာခံပြည်သူတစ်ဦးကို PDF ဟု ယူဆပြီး ဖမ်းဆီးသွားခဲ့ကြောင်း၊ ကိုထူးနိုင်ကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက တွန်းထိုးရိုက်နှက်ပြီး ရွာအထွက် မူးမြစ်ကူး သမရိုးတံတားပေါ်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ သမရိုးတံတားပေါ်တွင် ကိုထူးနိုင်ကို ရိုက်နှက်စစ်ဆေးပြီးနောက် တံတားပေါ်တွင်ပင် ပစ်သတ်ကာ အ လောင်းကို မူးမြစ်ထဲသို့ ပစ်ချလိုက်ကြောင်း၊ ကိုထူးနိုင်ကို ရက်ရက်စက်စက် လည်ပင်းကို‌တေ့၍ပစ်သတ်ခဲ့သည့်အပြင် ရုပ်အလောင်းကိုပါ မိသားစုကို သဂြိုလ်ခွင့်မပေးဘဲ ဖျောက်ဖျက်ခဲ့ကြောင်း မျက်မြင်ကြုံတွေ့ရသူများကို ကိုးကား၍ ဒေသသတင်းရင်းမြစ်ကပြောသည်။

မူးမြစ်ထဲသို့ မျှောပစ်လိုက်သော ကိုထူးနိုင်၏ ရုပ်အလောင်းကို အခုထိရှာမတွေ့သေးကြောင်း၊ သမရိုးကျေးရွာတွင် စက်ပြင်ဆရာအဖြစ် အေး ချမ်းစွာ အသက်မွေးခဲ့သည့် ကိုထူးနိုင်တွင် လူမမည်ကလေးငယ်(၂)ဦးအပါအဝင် မိသားစု(၃)ဦး ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။ အလားတူ နို ဝင်ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ အထိ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့ဆည်အနောက်ဖက်ခြမ်းတွင် စစ်ကောင်စီတပ် အင်အား ၃၀၀ နှင့် ၄၀၀ အကြား မော်တုံ ကျေးရွာ၊၊ ပေပင်ချောင်၊ ဝေလမူ၊ ကုန်းစည်း၊ တောင်နီ၊ ဥသျှစ်ကုန်း ၊ လိပ်ဆင်းတောင် အစရှိသောရွာများအားဖျက်ဆီးပစ်ခဲ့ကြောင်း ၊ ဒေသခံ ပြည်သူများ အသတ်ခံရသည့်အပြင် ပျောက်ဆုံးသူများလည်းရှိနေကြောင်း သိရှိရသည်။ မော်တုံကျေးရွာတွင် နေအိမ် (၉) လုံးခန့်ဖျက်ဆီးခံခဲ့ရပြီး နေစရာစားစရာမရှိအောင်ပင်ဖျက်ဆီးခံရကြောင်း၊ပေပင်ချောင်ကျေးရွာတွင် နေအိမ်(၇)လုံးဖျက်ဆီးခံခဲ့ရကြောင်း၊ ဝေလမူကျေးရွာတွင် အိမ်တိုင်းကို မွှေနှောက် ဆန်များလွှင့်ပစ်ခြင်း အိုးခွက်များရိုက်ခွဲခြင်းများပြုလုပ်ခဲ့ကြောင်း၊ ရွာတွင်းရှိဆိုင်ကယ်(၅ )စီးအားလည်းမီးရှို့ဖျက်ဆီးပစ်ခဲ့ကြောင်း၊ စာသင်ကျောင်းအတွင်းရှိ စစ်ဘေးရှောင်များအတွက်စီစဥ်ထားသော အိုးခွက်နှင့်ရိက္ခာများဖျက်ဆီးပစ်ခဲ့ကြောင်း သိရှိရသည်။

ကုန်းစည်းကျေးရွာတွင် နေအိမ်(၂)လုံးဖျက်ဆီးခံရကြောင်း၊ အိမ်ပေါ်၌အရက်သေစာများသောက်စားရမ်းကားခဲ့ကြောင်း၊တောင်နီကျေးရွာတွင် နေအိမ်(၂)လုံးဝင်မွှေခံခဲ့ရကြောင်း၊ PSIဆလောင်းများ TVများရိုက်ခွဲပစ်ခဲ့ကြောင်း၊ ကျေးရွာတွင်းရှိ ကြက်များ ဝက်များလည်းသတ်စားမှုများပြုလုပ်ခဲ့ကြောင်း၊ ကျေးရွာဓမ္မာရုံတွင်းတွင်လည်း စကစများခြောက်လှန့်၍အပစ်မဲ့ရွာသားအသက်(၇၀)ကျော်အဖိုးကြီးတစ်ယောက်နှလုံးတက်၍သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဥသျှစ်ကုန်းကျေးရွာတွင် အိမ်များဖျက်ဆီးမှုမရှိသော်လည်း အိမ်တိုင်းလိုလိုတက်၍ မွှေနှောက်မှုများပြုလုပ်ခဲ့ကြောင်း၊ ကျေးရွာများတွင် ​ ပြည်သူ(၂)ဦး၊ ပကဖအဖွဲ့ဝင် ၁ ဦး သတ်ဖြတ်ခံရကြောင်း ၊ စစ်တပ် ထောင်ထားသောနင်းမိုင်းထိ၍ဒဏ်ရာရရှိသူ(၁)ဦး ရှိပြီး တစ်ခြားပျောက် ဆုံးနေသောရွာသားများလည်းရှိသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s