စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦး ယာဉ်တန်းမိုင်းဆွဲခံရ၊ ကား ၂ စီး ပျက်စီး

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့မှ ဘားအံမြို့သို့ ပြန်လာသော စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ်စောမြင့်ဦး လိုက်ပါလာသည့် ယာဉ်တန်း ယနေ့ နံနက် ၁၁ နာရီခန့်တွင် လှိုင်းဘွဲ့-ဘားအံကားလမ်း၊ ထီလုံရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကား ၂ စီး ပျက်စီးသွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။မိုင်းဆွဲခံရသည့်ဖြစ်စဉ်မှာ မှန်ကန်ကြောင်း အဆိုပါ အောက်စီဂျင်စက်ရုံဖွင်ပွဲကြွရောက်ခဲ့သူ မဲဆမိတ်ကျောင်း တိုက်ဆရာတော်ဘဒ္ဒန္တစန္ဒရက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုသည်။

စစ်ကောင်စီခန့် ဝန်ကြီးချုပ်စောမြင့်ဦးသည် လှိုင်းဘွဲ့မြို့တွင် ယနေ့နံနက်က ပြုလုပ်သည့် အောက်စီဂျင်စက်ရုံဖွင့်ပွဲမှ အပြန် ယာဉ်တန်းမိုင်းဆွဲခံရခြင်းဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ BGF မှ ဗိုလ်မှူးကြီးစောချစ်သူ၊ စစ်ကောင်စီ တပ်မ ၂၂ မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ ၁ ဦးလည်း တက်ရောက်ကြောင်း သတင်းရရှိသည်။မိုင်းဆွဲမှုဖြစ်ပွားခဲ့သည့် နယ်မြေတဝိုက်သည် ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ကရင်နယ်ခြားစောင့်တပ်များ လှုပ်ရှားပြီး KNLA တပ်ဖွဲ့များ လှုပ်ရှားမှုမရှိကြောင်း KNU သတင်းရင်းမြစ်ထံမှ သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် KNLA တပ်မဟာ ၇ တပ်ဖွဲ့ဝင်များ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း တပ်မဟာ ၇ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဒိကွယ်က ကရင်သတင်းဌာန KIC သို့ ပြောသည်။”ခရီးစဉ် မိုင်းဆွဲတိုက်ခိုက်ခံရတာ မှန်တယ်။ ဘယ်အဖွဲ့ကလုပ်လဲ ဆိုတာကတော့ မသိဘူးပေါ့နော်။ ကြီးကြီးမားမား ထိခိုက်တာမရှိဘူးလို့ သိရတယ်။

ကျနော်တို့လူ လုပ်တာမဟုတ်တဲ့အတွက် သေချာတော့မသိဘူး။”ဟု KNLA တပ်မဟာ ၇ ဗျူ ဟာမှူး ဗိုလ်မှူးကြီးစောဒိကွယ်က ကေအိုင်စီ သို့ ပြောသည်။မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် မော်တော်ယာဉ် ၂ စီး ပျက် စီးသွားသည်ဟု ကနဦး သိရှိရပြီး လူထိခိုက်သေဆုံးမှု ရှိ/မရှိ မသိရှိရသေးပေ။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s