စစ်ကြောရေးတွင် ပြည်သူများကို လူမဆန်စွာ သတ်ဖြတ် နှိပ်စက်ညှဉ်းပန်းသည့် ဒုဗိုလ်မှူးကြီး မျိုးမင်းထွန်းနှင့် စရဖ ၃ ပွင့် ဝေဖြိုးအောင်

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီက အာဏာသိမ်းပြီးချိန်မှစတင်ပြီး ပြည်သူ ၁၃၀၀ နီးပါး သတ်ဖြတ်ခဲ့ပြီး အထူးသဖြင့် စစ်ကြောရေးများတွင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများစွာလည်း ပါဝင်လျက်ရှိ သည်။ မင်းအောင်လှိုင် ညွှန်ကြားချက်အရ အထက်အမိန့်ဟုဆိုကာ သတ်ဖြတ်ခြင်းဖြစ်သော်လည်း စစ်တပ် အောက် ခြေအရာရှိများကိုယ်တိုင် စိတ်လိုလက်ရ ပြည်သူကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်လျက် ရှိသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် စစ်ကြောရေးတွင် စိတ်လိုလက်ရ ပါဝင်ပြီး ပြည်သူကို သတ်ဖြတ်နေသော ဖက်ဆစ် စစ်တပ်မှ အရာရှိများ၊၎င်းတို့၏ မိသားစုဝင်များအကြောင်း လက်လှမ်းမီသမျှ ဖော်ထုတ်သွားမည်ဖြစ်ပါသည်။ ယင်းသို့ ဖော်ထုတ်မှုသည် နောင်တစ်ချိန် ၎င်းတို့ ကျူး လွန်ခဲ့သော ပြည်သူအပေါ် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုများအတွက် တရားရင်ဆိုင်ရန်သာမက လူ့အသိုင်းအ၀ိုင်းတွင်ပါ ၎င်းတို့ကို ရှောင်ကြည်နိုင်ရန် ရည်ရွယ်ပါသည်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ပြည်သူများကို စစ်ကြောရေးတွင် ခေါ်ယူ သတ် ဖြတ် ညှဉ်းပန်းနှိပ်စက်နေသည့် စစ်အရာရှိများတွင် အမှတ် ၁၂ တိုက်ပွဲဝင် စည်းရေးရုံး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းထွန်းနှင့် ဇနီး ဒေါ်တင်မင်းနွယ်၊ စရဖ ဗိုလ်ကြီး ဝေဖြိုးအောင်တို့ ပါဝင်သည်။ ၎င်းတို့နှစ်ဦးသည် မြိတ်ခရိုင်တွင် ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဆန္ဒပြ ပြည်သူများကို ပစ်ခတ် သတ်ဖြတ်ခြင်း၊ NLD ပါတီ ထောက်ခံသူများနှင့်ပါတီဝင်များကို သတ်ဖြတ်ခြင်း၊ ရုံးများကို ဖောက်ခွဲခြင်း၊ ပျူစောထီးများနှင့် ချိတ်ဆက်ခြင်းများတွင် အဓိက ဦးဆောင်ပါဝင်သူများဖြစ်သည်။

ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်းနှင့် စရဖ ဗိုလ်ကြီးဝေဖြိုးအောင်သည် DVB သတင်းထောက် ဦးအောင်ကျော်ကို ဖမ်းဆီးရာတွင်လည်းကောင်း၊ ညှဉ်းပန်းနှိပ်စက်ရာတွင် လည်းကောင်း ပါဝင်ခဲ့သူများဖြစ်သည်။ DVB သတင်းထောက် ဦးအောင်ကျော်က မတ်လ ၁ ရက်နေ့ ညပိုင်း ၎င်းကို စစ်တပ်က ဖမ်းဆီးပြီး လူမဆန်စွာ ညဥှ်းပန်း နှိပ်စက်ပုံများကို ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြန်ပြောင်းပြောဆိုထားသည်။

DVB သတင်းထောက်ဦးအောင်ကျော်၏ စစ်တပ်လက်တွင်း လူမဆန်စွာသေလုမြောပါး ညှဉ်းပန်းနှိပ်စက်ခံရမှု

===========================================================================

“ကျနော့်ကိုကားတစ်စီးပေါ်တင်သွားတယ်။ စစ်ကားတော့ မဟုတ်ဘူး။ သူတို့ စအဖ တွေ တင်လာတဲ့ ကား ပေါ့လေ။ အိမ်စီးကားပေါ့။ တင်သွားပြီးတော့ ကျွန်တော့်ကို ဦးထုပ်ဆောင်းခိုင်းထား၊ ခေါင်းကို ငုံ့ခိုင်းထား ။ မော့မကြည့်နဲ့ပေါ့။ အဲလိုပြောတယ်။ ကျွန်တော် ထင်တယ် ကျွန်တော့်ကို ခေါ်သွားတဲ့ နေရာက မြိတ်မြို့ရဲ့ လေတပ်ဝင်းပေါ့။ စစ်တပ်ရှေ့ လေတပ်ဝင်းထဲကို ခေါ်သွားတာပေါ့။ ခေါ်သွားပြီးတော့ ကားပေါ်က ဆင်းဆင်းချင်းပဲ အဲ့မှာ ရှိတဲ့ စစ်သားတွေက ကျွန်တော့်ကို ဝိုင်းရိုက်တယ်။ ကျွန်တော့်ကို ဒူးထောက်ထိုင်ခိုင်းထားပြီးတော့ မျက်နှာကို လက်သီးတွေနဲ့ ဝိုင်းထိုးကြတယ်။ အဲ့မှာလည်း အတော် ခံရတယ်ဗျ။ အဲ့အချိန်မှာတင် ကားအမြင့် တစ်စီးပဲ။ ကားအမြင့်တစ်စီးက ရောက်ချလာတယ်။ အဲ့မှာ အရာရှိလို့ ထင်ရတယ်ပေါ့။ ရာထူးခပ်ကြီးကြီးတစ်ယောက်ပဲ။

သူ့မျက်နှာတော့ ကျွန်တော် မမြင်ရဘူး ။ ဘာလို့ဆိုတော့ သူတို့ဘက်ကနေ ကားမီးနဲ့ စုံမီးနဲ့ ထိုးထားတာဆိုတော့။ ကား ၂ စီးနဲ့ ဝင်လာတာဆိုတော့။ ဝင်လာပြီးတော့ လူ မှန်လားတဲ့ ။ ဖမ်းလာတဲ့ လူတွေကလည်း မှန်တယ် အဘ တဲ့။ အဲလို ပြောတယ် ပြောပြီးတော့ သူ့ရဲ့ ဖုန်းရော ပါလားတဲ့။ ပါတယ်တဲ့။ အဲဒါနဲ့ ဟုတ်ပြီ။ ခေါ်သွားလိုက်တော့တဲ့ အဲလိုပြောတယ်။ ပြီးတော့ ကျွန်တော့်ကို ဘယ်သူက ခေါ်သွားလဲဆိုတော့ စအဖ တပ်က အရာရှိကြီးထဲက တစ်ယောက်က ကျွန်တော့်ကို ခေါ်သွားတယ်။

သူတို့တွေ အကုန်လုံးက ကျွန်တော့်ကို လာဖမ်းတဲ့အချိန်တဲ့ အချိန်မှာရော ဝင်းတဲ့ ရောက်တဲ့ အချိန်မှာရော တော်တော်များများက အရက်တွေ သောက်ထားကြတယ်။ သူတို့ အနံ့တွေလည်း ကျွန်တော် အကုန်ရနေတယ်။ မျက်နှာလည်း ထိုးခံထားရတဲ့ ဒဏ်ရာနဲ့ဆိုတော့ ခေါင်းတွေလည်း တော်တော်လေး မူးနေပြီ။ အဲဒီအချိန် သူတို့ စစ်တပ်က အသုံးပြုတဲ့ စစ်ကား အနောက်ခန်းမှာ ကျွန်တော့်ကို ထိုင်ခိုင်းထားတယ်။ အဲ့ အနောက်ခန်းမှာပဲ စအဖ တပ်က အရပ်ဝတ်နဲ့ သုံးယောက် တက်လာတယ်။ ပြီးတော့ အရာရှိက ပြောတယ်။ တပ်ကို ခေါ်သွားမယ် ပြီးရင် လမ်းမှာ ဒီကောင့်ကို သတ်လိုက်တဲ့။ နောက်က လူတွေ မှာတယ်။ သူတို့ကတော့ အဲလို ခြိမ်းခြောက်တာပေါ့။

ဒါပေမဲ့ ကျွန်တော့် စိတ်ထဲမှာ သိပါတယ် ။ သူတို့ အဲလို မလုပ်ဘူးဆိုတာ သိပါတယ်။ လမ်းမှာတော့ ကျွန်တော့်ကို နှိပ်စက်တာပေါ့။ မျက်နှာကို နံပါတ်တုတ်နဲ့ မျက်နှာ ထိုးတယ်။ မျက်နှာ ထိုးတဲ့အတွက်ကို နှာခေါင်းရော မျက်လုံးရော ထိသွားတယ်။ ကျွန်တော့် ဘယ်ဘက်မျက်လုံးထိသွားတယ်။ ဖူးယောင်ပြီး လုံးဝ ပိတ်သွားတယ် မမြင်ရတော့ဘူး။ အဲ့တော့က ထပ်ပြီး ထိမှာစိုးလို့ လက်နဲ့ ကာထားတယ်။ နှာခေါင်းကလည်း သွေးတွေ ကျနေတယ်။ ကျွန်တော့် ခေါင်းကို နံပါတ်တုတ်နဲ့ ရိုက်လိုက် ပြီးရင် သူတို့ ဖုန်းထဲမှာ သတင်းတွေ ဖွင့်ဖတ်တယ်။ တခြားသတင်းဌာနက တက်လာတဲ့ သတင်းတွေ အကုန်လုံးလည်း မင်းတို့ သတင်းသမားတွေက မီဒီယာကျင့်ဝတ်မရှိဘူး၊ ဒေါ်လာစားတွေ တိုင်းပြည်ဖျက်တဲ့ ကောင်တွေဆိုပြီးတော့ အဲ့ကားပေါ်မှာ တောက်လျှောက်က စအဖ တပ်က ၃ယောက်က တောက်လျှောက် ရိုက်တယ်။

အဲ့အချိန်မှာ BBC ကနေ သတင်းတစ်ပုဒ်တက်လာတယ်။ ကျွန်တော်ဖမ်းခံရပြီး ၁ နာရီဝန်းကျင်လောက်ပဲ ရှိသေးတယ်။ BBC က ဘယ်လို ခေါင်းစဉ်တင်ထားလဲ ဆိုရင် မြိတ်မြို့ ပဋိပက္ခ ဖြစ်တဲ့အချိန်မှာ တပ်ဖွဲ့ဝင်တွေက နေအိမ်တစ်လုံးကနေ ငွေ ၄ သိန်းယူသွားတဲ့ သတင်းခေါင်းစဉ်နဲ့ တင်ထားတာ။ တွေ့တော့ သူတို့က BBC က တက်လာတဲ့ သတင်းကိုလည်း ကျွန်တော်တို့ သတင်းသမားတွေ ကျွန်တော် လုပ်တာပဲ ဆိုပြီးတော့ အဲ့ သတင်းကို ပြပြီးတော့ ကျွန်တော့် ကားပေါ်မှာ တောာက်လျှောက် ရိုက်ရော ။ နောက်ဆုံး သူတို့တွေ မြို့ပြင်က လေကြောင်းရန် ကာကွယ်ရေးအမြောက်တပ်ကို ခေါ်သွားတယ်။

မြိတ်မြို့ရဲ့ မြို့ပြင်နေရာကို ခေါ်သွားတယ်။ ဟိုရောက်တော့ စပြီးတော့ ကျွန်တော့်ကို ကားပေါ်တင်ခဲ့လို့ ပြောတဲ့ အရာရှိက စပြီးတော့ ရိုက်တော့တာပဲ။ တော်တော်လေး နှိပ်စက်တယ် နှိပ်စက်ပြီးတော့ သွေးတွေလည်း ကျနေပြီ တော်တော်လေးလည်း စုတ်ပြတ်သပ်နေပြီ။ ပြီးတော့ သူတို့ကို တစ်ချိန်လုံး စစ်ခွေး စစ်ခွေးလို့ ခေါ်တဲ့ ကိစ္စကိုလည်း သူတို့က မကျေနပ်ဘူး။ အဲဒါတွေကိုလည်း ။ ငါတို့က ဘယ်အစိုးရတက်တက် ငါတို့ကို စစ်ခွေးလို့ပဲ အခေါ်ခံရတယ်။ ငါတို့က တိုင်းပြည်အတွက် အသက်စွန့်ပြီး လုပ်နေတဲ့ စစ်သားလို့တောင် မပြောဘူး။တပ်မတော်သားတွေ။ သူတို့ရဲ့ ကောင်းတာနဲ့ ပတ်သက်ပြီးတော့ မင်းက ဘယ်တော့မှ သတင်းမတင်ဘူး။

မကောင်းတာတွေပဲ ရွေးပြီး တင်တယ်။ မင်းတို့ သတင်းသမားတွေက စစ်တပ်နဲ့ ပတ်သက်ပြီး မကောင်းတာပဲ တင်ဖို့ မင်းတို့ အယ်ဒီတာတွေက သင်ကြားထားတာလား။ အဲ့မှာ ကျွန်တော့်ကို တောက်လျှောက်နှိပ်စက်တယ်။ ကန်လိုက်။ လည်ပင်းကို ကြိုးနဲ့ ချည်ပြီး အသက်ရှူကျပ်အောင် လုပ်။ ပြီးရင် လက်ကိုလည်း တက်နင်းထား ။ မျက်နှာတွေ လက်တွေကိုလည်း ဆေးလိပ်မီးနဲ့ ထိုး။ အဲလိုမျိုးတွေ ဖြစ်တယ်၊ ဖြစ်ပြီးတော့ ကျွန်တော်က ဘာမှ မပြောဘူး မဖြေဘူးပေါ့လေ။ အဲဒီအတွက်ကို လက်သည်းခွံတွေ ချွတ်မယ်ဆိုပြီးတော့ သူတို့ လုပ်သေးတယ်။ တကယ်ကို ပြောရမယ်ဆိုရင် ကျွန်တော်တို့ စာအုပ်ထဲမှာ ဖတ်ဖူးတဲ့ဘအနေအထား ဖက်ဆစ်ငရဲခန်းကို ရောက်သွားသလိုပဲ ကိုယ်တိုင်ကြုံ တွေ့ခဲ့ရတယ်။

လူက လုံးဝ လမ်းလျှောက်လို့ မရတော့ဘူး အဲဒီအချိန်မှာ ။ သူတို့ကန်လိုက်တဲ့ အရှိန်ကြောင့် ခေါင်းကို ကန်လိုက်တာပဲ ဒါပေမဲ့ ကျွန်တော် ခါးရိုးကို ထိသွားတဲ့ အနေအထားမျိုးရှိတယ်။ အဲဒီအချိန် ကျွန်တော် လမ်းမလျှောက်နိုင်တော့ဘူး။ သူတို့ ကျွန်တော့်ကို နှိပ်စက်တာက ဗဟိုကင်းမှာ နှိပ်စက်တာက ၂ နာရီလောက်ကြာတယ်။ ကျွန်တော့်ကို တော်ပြီဆိုပြီးတော့ သူတို့တွေ လျှော့လိုက်တယ်ပေါ့။ လျှော့ပြီးတော့မှ ကျွန်တော့်ကို အချုပ်ခန်းထဲ သွင်းလိုက်တယ်။

ကျွန်တော်အချုပ်ခန်းထဲ ရောက်ပြီးတော့ နာရီဝက် ၊ မိနစ် ၂၀ လောက်ကြာတဲ့အခါ အဲ့မှာ ရှိတဲ့ ဆရာဝန် စစ်ဆေးက တစ်ယောက်က လာပြီးတော့ မျက်လုံးတွေ ဖြဲကြည့်တယ်၊ မြင်ရလား မေးတယ်။ ကျွန်တော် မျက်လုံးက လုံးဝကို ပိတ်ပြီး ဘာမှကို မမြင်ရတော့ဘူး။ လက်ကလည်း အုပ်ထားရတယ် မျက်လုံးကြီးကလည်း ရောင်ကိုင်းနေပြီ။ ခေါင်းတွေတစ်ခုလုံးကလည်း ဘုသီးတွေ ထပြီးတော့ တော်တော် အခြေအ နေဆိုးနေပြီပေါ့။ အဲဒါနဲ့ သူတို့ ကျွန်တော့်ကို ဆေးကုပေးတယ်။ မျက်လုံးတွေ မြင်ရလား ဆေးတွေ ပေးတယ်။ ပြီးရင် အချုပ်ခန်းထဲ ပြန်ထည့်တယ်။ မနက်ကျတော့ ကျွန်တော့် ကို မနှိပ်စက်တော့ဘူး။ မနှိပ်စက်တော့ဘဲ အရာရှိတွေပဲ ဆင်းချလာတယ်။ စအဖ တပ်ကလည်း ပါတယ်။ ရဲတွေလည်း ပါတယ် ။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s