နိုင်ငံတစ်ဝန်း စစ်သား ၆၅ ဦးသေဆုံး၊ ရန်ကုန်နှင့်နေပြည်တော်တွင် စစ်ကောင် စီတပ်များကို ဆက်လက် တိုက်ခိုက်မှုများရှိနေ

နိုင်ငံတစ်ဝန်း စစ်သား ၆၅ ဦးသေဆုံး၊ ရန်ကုန်နှင့်နေပြည်တော်တွင် စစ်ကောင် စီတပ်များကို ဆက်လက် တိုက်ခိုက်မှုများရှိနေBy ရန်ကုန်ခေတ်သစ်မြန်မာနိုင်ငံတစ်ဝန်း ပြည်သူများ၏ ခုခံတော်လှန်မှုများကြောင့် စစ်သား ၆၅ ဦးသေဆုံးခဲ့ပြီး ရန်ကုန်နှင့်နေပြည်တော်တွင် စစ်ကောင်စီတပ်ကို ဆက်လက် တိုက်ခိုက်မှုများရှိနေဆဲဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။

ရန်ကုန်၊ လှိုင်သာယာ သောင်ကြီးရဲစခန်းကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

=====================================================

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ သောင်ကြီးရဲစခန်းကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီကျော် ရဲတွေ စုဝေးအလေးပြုနေချိန် ဗုံးပစ် လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲများ သေဆုံးနိုင်ကြောင်း လှိုင်သာယာ မြို့ပြပြောက် ကျားတပ်က သတင်းထုတ်ပြန်သည်။ “မဟူရာ စစ်ဆင်ရေး” ဟု နာမည်ပေးပြီး လှိုင်သာယာ အနော်ရထာလမ်းမကြီးက သောင်ကြီးရဲစခန်းကို လှိုင်သာယာအခြေစိုက် CGF HTY နှင့် လှိုင်သာယာ မဟာမိတ် တော်လှန်ရေး ညီအစ်ကိုများဖြစ်သည့် Spring Revolution Flames ( SRF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်လှည်းကူး၊ စာဘူးတောင်းရွာအနီး ကင်းလှည့်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

==================================================================

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီး ကားလမ်းပေါ်ရှိ စာဘူးတောင်းရွာနှင့် နှုတ်ခမ်းမွှေးရွာကြားတွင် ကင်းလှည့်နေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များအား MO 07 (Eagles)က နိုဝင်ဘာလ ၁၉ ရက် နံနက်နှင့် နေ့လယ်တွင် အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။”မနက် ၈ နာရီခွဲလောက်မှာ ကင်းလှည့်ရဲကား လာတဲ့အချိန် ခေါ်မိုင်းခွဲတာ ထိတော့ထိတယ်၊ နည်းမယ်။ နေ့လယ် ၁၂ နာရီ ၁၈ မိနစ်လောက်မှာ စစ်ခွေးတွေ ထပ်ရောက်လာမှ နောက် ထပ် အကြီး ၂ လုံး ထပ်ခွဲတယ်၊ တော်တော်ထိမယ် အရေအတွက် အတိအကျတော့ မသိရသေးဘူး။ အပိုင်းအစတွေ လိုက်ကောက်ရတဲ့ အထိ ဖြစ်သွားတယ်” ဟု Eagles အ ဖွဲ့ဝင်တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ပထမအကြိမ် ခေါ်မိုင်းခွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာစဉ် မိုင်း အကြီး ၂ လုံး ထပ်ခွဲစဉ် ပေါက်ကွဲမှုကြီးမားပြီး အနီးနား ဝန်းကျင် ရွာများအထိပါ သက်ရောက်မှု ရှိကြောင်း၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီအထိ အဆိုပါ လမ်းအား စစ်ကောင်စီက ပိတ်ဆို့ခဲ့ကြောင်း သိရှိရသည်။ခရမ်းမြို့ ပိန်းကန်ကျေးရွာတွင် ယနေ့ည ၁၀ နာရီခန့်က ဗုံး ၄ လုံးထက်မနည်း ပေါက်ကွဲခဲ့ပြီး သေနတ်သံများလည်း ထွက်ပေါ်နေကြောင်း သိရသည်။

ကသာတွင် စစ်သား ၅ ဦးသေဆုံး

===========================

နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၄နာရီ အချိန်ခန့်တွင် မိုးတားလေးကျေးရွာ တောင်ပေါ်ကျောင်း၌တပ်ဆွဲထားသော စစ်ကောင်စီတပ်များ ထွက်သွားသည်ဟုသတင်းရရှိသဖြင့် KIA ၊ ကသာPDF နှင့် မဟာမိတ်ပူးပေါင်းတပ်များ စစ်ကြောင်းက လိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၂နာရီခန့်တွင် ကသာမြို့နယ်ချောင်းဝကျေးရွာ နှင့် ဆင်ကုန်တိုင်ကျေးရွာကြား နှောတန်းတွင်စစ်ကောင်စီစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း ၄၁၆မှ တပ်သား ၅ ဦးအနည်းဆုံးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း၊ နိုဝင်ဘာလ ၁၈ ရက်နေ့ တပ်သား ၃ ​ဦး ထွက်ပြေးလာ၁င စောင့်ရှော်ကထားကြောင်း ကသာမြေပြင်ကင်းထောက်အဖွဲ့ KR ထံမှ သိရှိရသည်။

နေပြည်တော်တွင် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်

==========================================

နေပြည်တော်၊ပျဉ်းမနားမြို့၊ပန်းခန်းရပ်ကွက်၊ပန်းခင်း(၆)လမ်း အနီးရှိ သံလမ်းကို နိုဝင်ဘာ (၂၀)ရက်နေ့ နံနက်ပိုင်း ၆နာရီ ၃၀မိနစ်ဝန်းကျင်ခန့်အချိန် မိုင်းဆွဲသတိပေးခဲ့ကြောင်း Pyinmana Revolution Army မှ သတင်းထုတ်ပြန်သည်။ နေပြည်တော်၊လယ်ဝေးမြို့နယ် လျှပ်စစ်ရုံးတွင် နိုဝင်ဘာလ (၂၀)ရက်နေ့ ည ၇နာရီအချိန်ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါပေါက်ကွဲမှုအား ဖီးနစ်မြို့ပြပျောက်ကြားတပ်ဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

နေပြည်တော်၊တပ်ကုန်းမြို့နယ် စီးပွားရေးဘဏ်တွင် နိုဝင်ဘာလ (၂၀)ရက် ညနေ ၅နာရီ ၂၀မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း တပ်ကုန်းမြို့ပြပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်ဝက်လက်တွင် ပျူစောထီးနှင့်စစ်သား ၇ ဦးသေဆုံး

==========================================================================================

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် နိုဝင်ဘာ(၁၉)ရက်နေ့က အရာတော်-ဝက်လက်နယ်ခြား မူးမြစ်တဝိုက်မှ ကျေးရွာများကို စစ်တပ်က စစ် ကြောင်းထိုးလာချိန်တွင် အရာတော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့်နေရာများကို တပြိုင်နက် ပြောက်ကျားတိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။အရာတော်အရှေ့နယ် ငွေတွင်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများကို ယမန်နေ့ ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု ဒေသခံ သပြေညိုပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပြီး စစ်သားနှင့် ပျူ(၇)ယောက်ခန့် သေဆုံးနိုင်သည်ဟု သိရသည်။ ယမန်နေ့ အရှေ့နယ် ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းက အင်အားဖြင့် ဝင်ရောက်စီးနင်းနေစဉ် အရာတော်မြို့နယ်တွင်း ငွေတွင်းကျေးရွာသာမက နောင်ကြီးအိုင်ရဲစခန်း၊ အမှတ်(၂)မြို့အထွက်ဂိတ်စသည့် စစ်ကောင်စီတပ်စွဲထားသော နေရာများအနီးတွင်လည်း မိုင်းခွဲတိုက်ခိုက်မှုများ တပြိုင်နက်လိုလိုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၁ နယ်မြေတွင် စစ်သား ၃ ဦးသေဆုံး

=======================================================

ကေအဲန်ယူ- သထုံခရိုင်၊ ဘားအံမြို့နယ်၊ ကျုံမသွယ်ကျေးနယ်အုပ်စု၊ ဘန့်ဘွေးကုန်းရွာအနီး (ထုံးတောင်-ဝတ်ကြီးလမ်းခွ)တွင် အာဏာသိမ်းစစ်ကောင်စီယာဥ်တန်းကို KNLA တပ်မဟာ (၁)၊ တပ်ရင်း(၁)မှ နိုဝင်ဘာ(၁၉)ရက်၊ နံနက် ၅ နာရီ ၄၀ မိနစ်ခန့်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်(၃)ဦးသေပြီး ရိက္ခာတင်ကားကြီး (၁)စီးပျက်စီးခဲ့သည်။နိုဝင်ဘာ (၁၉)ရက်နေ့နံနက်ပိုင်းက ကားအ စင်းရေ (၃၈)စီးဖြင့် ရိက္ခာနှင့် တပ်ဖွဲ့ဝင်များကို တင်ဆောင်လာသည့် အာဏာသိမ်းစစ်ကောင်စီ ယာဥ်တန်းသည် ဝါးဘိုးတောဖက်မှ ကမမောင်းဖက်သို့ ဦးတည်မောင်းနှင်လာရာလမ်း၌ KNLA တပ်ရင်း (၁)က လမ်းခုလပ်တွင် မိုင်းဆွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ-ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံမှပြောသည်။

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် စစ်သား ၃ ဦးသေဆုံး

============================================================

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန် (မူတြော်) ခရိုင်အတွင်း နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်များတွင် အကြမ်း ဖက်စစ်ကောင်စီတပ်၊ လက်ပါးစေ BGF ပူးပေါင်းတပ်နှင့် KNLA ကြား ရင်ဆိုင်တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး ၄ ဦး ဒဏ်ရာရကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၀ နာရီတွင် ဘူးသိုမြို့နယ်၊ ဘူးအားဒဲကျေးရွာအုပ်စု၊ မယ်ခါးထာဒေသတွင် ၁ ကြိမ်၊ ညနေ ၄ နာရီ ၄၀ မိနစ်တွင် ၁ ကြိမ်၊ ၁၉ ရက်နေ့ နံနက် ၉ နာရီတွင် ဘူးသိုမြို့နယ်၊ ခေါပုတ်ဒေသတွင် ၁ ကြိမ် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း သိရှိရသည်။နိုဝင်ဘာလ ၁၉ ရက် တွင် စစ်ကောင်စီ၏ စကခ ၈ လက်အောက်ခံ၊ ခမရ ၄၀၉ ဟော်မဒေါစခန်းအခြေစိုက်ရှိတပ်များသည် မာမူကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း မူတြော်သတင်းစဉ်ထံမှ သိရသည်။

ရေစကြိုတွင် စစ်သား ၂ ဦးသေဆုံး

=============================

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ( ၆ ) နာရီဝန်းကျင်ခန့်အချိန် ပခန်းကြီးကျေးရွာနှင့် ပခန်းငယ်ကျေးရွာအကြား စစ်ကားတစ်စီးကို People Defense Force Yesagyo က မိုင်းနှစ်လုံး ခွဲတိုက်ခိုက်ခဲ့ရာ ကားနောက်ခြမ်းပျက်စီးသွာပြီး စစ်သား ၂ ဦးသေဆုံးသွားကြောင်း၊ ထိခိုက်ဒဏ်ရာသူများပြားကြောင်း ရေစကြို PDF က ပြောသည်။

မုံးကိုးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံး၊ MNDAA ရဲဘော် ၁ ဦးကျဆုံး =================================================================

ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ မုံးကိုးဒေသတွင် ယမန်နေ့ ည ၉ နာရီမှ ၁၁ နာရီအထိ စစ်ကောင်စီ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းများသည် ရှိကျိကျတောင်တန်းရှိ MNDAA ကို စတင်ထိုးစစ်ဆင်လာကြောင်း၊ စစ်ကောင်စီဘက်မှ အကျအဆုံးများပြီး MNDAA ရဲဘော် ၁ ဦး ကျဆုံးကြောင်း၊ ယနေ့ နိုဝင်ဘာလ ၂၀ ရက် နံနက်တွင် စစ်ကောင်စီ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၁၀၅၊ တပ်မ ၉၉ လက်အောက်ခံ ခလရ ၁၅ တို့ မန်ရန်ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်လာပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးကြောင်း The Kokang တွင် ရေးသားဖော်ပြသည်။

ယင်းမာပင်PDF ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံး

============================================================

စစ်ကိုင်းတိုင်း၊ ပုသိမ်- မုံရွာလမ်းတွင် ယင်းမာပင် PDFက ယနေ့ နိုဝင်ဘာလ ၂ဝရက်နေ့ နံနက် ၁၁နာရီခန့်အချိန် မိုင်းရှင်းလင်း​ရေး လာ​ရောက် လုပ်​ဆောင်သည့် စစ်ကား ၁ စီးကို မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ဦး သေဆုံးကြောင်း ယင်းမာပင် PDF အဖွဲ့ထံမှ သိရသည်။

တန့်ဆည်တွင် တိုက်ပွဲအများအပြားဖြစ်ပြီး စစ်သား ၆ ဦးသေဆုံး

=================================================

ယနေ့ နံနက် ၇နာရီခွဲခန့်တွင် တန့်ဆည်-ကလေးဝ လမ်း ၃၄ မိုင် အနီးတွင် နယ်မြေရှင်းလင်းရေးအကြောင်းပြ လုယက်ဖျက်ဆီးနေသော စစ်ကောင်စီ တပ်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ မိနစ် ၂၀ ခန့် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ၁၅ ချက်ကျော် ပစ်ခတ်ခဲ့သည်။ ယနေ့ နေ့လည် ၁ နာရီခန့်တွင် တန့်ဆည်အရှေ့မြောက်ပိုင်း မူးကမ်းဘေးကျေးရွာများဖြစ်သော ဘေရင်း၊ ကဘဲ၊ ကျွန်းလည် ကျေးရွာများသို့ပျူစောထီး နှင့် စစ်ကောင်စီတပ် များ ကျေးရွာတွင်းဝင်ရောက်ကာ အရပ်သား ၃ ဦး အား PDF ဟု စွတ်စွဲပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ အဆိုပါကိစ္စကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့များ စုပေါင်းပြီး စကစနှင့်ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ကန့်ဘလူဘက်မှ စစ်တပ်၊ အကုက္ကား နှင့် တန့်ဆည်မှ စစ်တပ်များ တပ်ကူသွားခဲ့ရကြောင်း သိရသည်။ ယနေ့ ညနေ ‌၃ နာရီကျော်တွင် ကျွန်းလည်တိုက်ပွဲကို စစ်ကူသွားသော တန့်ဆည်ရဲစခန်းမှ ဗင်ကား အား တန့်ဆည်နှင့် ငတန်းကြားတွင် တန့်ဆည်မြို့နယ် ပကဖ အဖွဲ့က မိုင်းခွဲတိုက်ခိုက်နိုင်ခဲ့ရာ ကားတစ်စီးလုံး ပျက်စီးသွားကာ ကားပေါ်ပါလာသူ ၆ ဦးအနက် ၄ ဦး ထိခိုက်သေဆုံးနိုင်ကြောင်း သိရသည်။ အလား တူ ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ် အချိန် တန့်ဆည်စခန်းမှ ဆိုင်ကယ်ဖြင့် ၃ စီး၊ ကား အသေး တစ်စီးဖြင့် စစ်ခွေးများ ထွက်လာပြီး ပညာရေးမှူးရုံးရှေ့တွင် လမ်းသွားလမ်းလာများအား ငွေညစ်နေချိန် တန့်ဆည်မြို့နယ် ပကဖ အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ကောင် သေဆုံးနိုင်ကြောင်း သိရသည်။

မြောင်တွင်စစ်သား ၁၁ ဦးသေဆုံး

============================

စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၄ စီးကို ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်များက နေရာ ၂ ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကား၂ စီး ထိမှန်ခဲ့​ကြောင်း၊ကားပေါ်ပါလာသော စစ်သား ၁၁ ဦးလုံး သေဆုံးကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှသိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s