မြောင်နှင့်ဆားလင်းကြီးတွင် စစ်ကောင်စီယာဉ်တန်းများ တိုက်ခိုက်ခံရ၊ ၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း မြောင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ နိုဝင်ဘာ ၂၀ ရက်နေ့က စစ် ယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာနဲ့ နဘကျေးရွာကြားမှာ နိုဝင်ဘာ ၂၀ ရက်နေ့ မနက် ၉ နာရီတစ်ကြိမ်နဲ့ မြောင်မြို့အထွက်မှာ မနက် ၉ နာရီခွဲတစ်ကြိမ် စုစုပေါင်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မြောင်ပြည်သူကာကွယ်ရေးတပ်မှ ဗိုလ်သမန်းကျားက ပြောပါတယ်။

“ကျနော်တို့ တစ်ကြိမ်ပထမစဆွဲတယ်။ အဲအကြိမ်မှာ စစ်ကောင်စီကား တစ်စီးမိုင်းမိတယ်။ အဲလိုမိုင်းဆွဲလိုက်လို့ စစ်ကူလာဖို့ မြောင်မြို့ကနေ ထွက်လာတယ်။ အဲလိုထွက်လာတဲကားကို ကျနော်တို့အဖွဲက ထပ်ခွဲလိုက်တယ်။ သူတိုဘက်က ၇ ဦးကျဆုံးတယ်။ ၅ ဦးထက်မနည်း ဒဏ်ရာရတာတွေရှိတယ်ပေါ့။ ကျနော်တို့ဘက်ကတော့ အကျဆုံးမရှိဘူး။” 

စစ်ကောင်စီတပ်တွေဟာ မိုင်ဆွဲတိုက်ခိုက်ခံရတာကြောင့် ဆယ်ရွာကျေးရွာက နေအိမ်တစ်လုံးကို မီးရှို့ပြီး အခြားအိမ်တွေက အိမ်ထောင် ပရိ ဘောဂတွေကိုလည်း ဖျက်ဆီးသွားကြတယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း နိုဝင်ဘာ ၂၀ ရက်​နေ့က စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီ ၃ ဦးလောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့ဟာ ယာဥ်တန်းနဲ့အတူ ​အင်အား ၁၀၀ လောက် ​ခြေလျင်ချီတက်လာစဥ် ဆားလင်းကြီးမြို့နယ် မြန်မာ-ဝမ်​ပေါင်၊ မြန်မာ-ယန်စီ လုပ်ကွက်အနီး ၁၆ ကုတင်ဆံ့ တိုက်နယ်​ဆေးရုံအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

မိုင်းခွဲတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး​ ဘယ်အဖွဲ့အစည်းကလုပ်​ဆောင်တယ်ဆိုတာ မသိရ​သေးဘဲ မိုင်း​ပေါင်ကွဲအပြီး စစ်​ကောင်စီတပ်သား​တွေက ​သေနတ်​တွေနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ​ဒေသခံပြည်သူ​တွေ ​ကြောက်လန့် ထွက်​ပြေးတိမ်း​ရှောင်​ကြရတယ်လို့ သိရပါတယ်။

မြောင်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ စစ်ကောင်စီယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s