ရေစကြိုတွင် စစ်သား တစ်ဦးကို AK သေ နတ်၊ ကျည်ဆံများဖြင့် ဖမ်းဆီးရမိသော်လည်း ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေ ဆုံး


မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦးကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပြည်သူ့ ကာ ကွယ်ရေး ပြောက်ကျားတပ်ဖွဲ့များက AK သေနတ်၊ ကျည် ၅၄ထောင့်၊ ၆၀ မမ ကျည်ဖူး တစ်ဖူးတို့ဖြင့် ဖမ်းဆီးရမိသော်လည်း ခုခံထွက် ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးခဲ့ကြောင်း YSO NO 1 ပြောက်ကျားတပ်ဖွဲ့ထံက ပြောသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင် စီ တပ်ဖွဲ့ဝင်သည် နိုဝင်ဘာ ၁၅ ရက်နေ့က စတင်ကာ နိုဝင်ဘာ ၂၁ ရက်နေ့ထိ ၆ရက်ကြာ ကျေးရွာပေါင်းစုံ၌ စခန်းချ ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေပြီး ကျေးရွာများအတွင်း ပြည်သူများ ပိုင်ပစ္စည်းများကို မွှေနှောက် ခိုးယူလုယက်မှုများ လုပ်ဆောင်နေသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းမှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး ပြောက် ကျားတပ်ဖွဲ့များ ပြောဆိုချက်အရ သိရသည်။
ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းက လှည့်လည်နေသဖြင့် လက်ရှိချိန်တွင် ဒေသခံပြည်သူ တစ်သောင်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ khit thit