လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ် တိုက်ပွဲဖြစ်၊ နှစ်ဖက် အကျအဆုံးရှိ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ ယနေ့ နိုဝင်ဘာလ ၂၁ရက် နံနက်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားရာ နှစ်ဖက် အကျအဆုံးရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့ မနက် ၈ နာရီခွဲမှာ ညင်းမော်ရွာနဲ့ ဂေါ့အင်းရွာကြား ကြယ်တောင်နားမှာ ရဲကားကို လောင်းလုံး PDF က မိုင်းဆွဲတယ်။ ပြီးတော့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်တယ်။ စခန်းမှူးက ပေါင်ကို ကျည်ထိသွားတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ခြောက်ဦး သေဆုံးကာ သုံးဦး ပြင်းထန် ဒဏ်ရာရခဲ့ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲ ဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း လောင်းလုံး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s