လောင်းလုံး၊ ညင်းမော်ကျေးရွာအနီး ရဲကား ၁ စီးကို လောင်းလုံး PDF က မိုင်းဆွဲတိုက်ခိုက်၊ စခန်းမှူးအပါအဝင် ၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရ၊ PDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးဟုဆို

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တောင်ဘက်ရှိ ညင်းမော်ကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ပါရှိသည့် လှည့်ကင်းကား ၁ စီးကို ယနေ့ နိုဝင်ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စခန်းမှူးအပါအဝင် ၃ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

” ဒီနေ့မနက် ၈ နာရီခွဲမှာ ညင်းမော်ရွာနဲ့ ဂေါ့အင်းရွာကြား ကြယ်တောင်နားမှာ ရဲကားကို လောင်းလုံး PDFက မိုင်းဆွဲတယ်၊ ပြီးတော့ ၂ ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်၊ စခန်းမှူးက ပေါင်ကို ကျည်ထိသွားတယ်၊ သေတော့မသေဘူး။ ရဲတပ်ဖွဲ့ဝင်လည်း ၃ ယောက်ထက်မနည်း ထိတယ်လို့ သိရတယ်။ PDF က တစ်ယောက်ကျသွားတယ်” ဟု လောင်းလုံးဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ် အောက်ဘက် တစ်နေရာတွင် စစ်ကောင်စီကား ၁ စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း လောင်းလုံး PDF ကပြောဆိုထားပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုကိုတော့ တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သည် ထားဝယ်-လောင်းလုံး-အောက်ရေဖြူ ကားလမ်းတကြောတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရန် အင်အားဖြည့်တင်းဝင်ရောက်မှုများ ရှိနေသည်ဟု ဒေသခံများထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s