လှိုင်သာယာမြို့နယ် တိုးချဲ့မှတ်တိုင်အနီးရှိ မိုင်တဲတာဝါတိုင် ဗုံးပေါက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် တိုးချဲ့မှတ်တိုင် အနီးရှိ သောင်ကြီးဘုန်းကြီးကျောင်းဘေး ကပ်လျက်ရှိ မိုင်တဲ တာဝါတိုင် ဖောက်ခွဲခံရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၂၀ ရက် ည ၇ နာရီကျော်တွင် ဖောက်ခွဲခံလိုက်ရခြင်း ဖြစ်သည်။ “ညက အဲဘက်ဖြတ်ရင်း ဗုံးပေါက်သံကြားတာ။ ညက တော့ ဘယ်နေရာ ပေါက်မှန်း မသိဘူးပေါ့။ အခုမနက်မှ အဲဒီတာဝါတိုင် ပေါက်မှန်းသိတာ။ အုတ်တံတိုင်းတွေလည်း ပြိုကျနေတာ တွေ့ရတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ည ၇ နာရီ မိနစ် ၃၀တွင် အကြမ်းဖက်စစ်သားများ ကားနှစ်စီးဖြင့် ရောက်ရှိလာကြပြီး လှိုင်သာယာ ဗိုလ်အောင်ကျော် အိမ်ရာအတွင်းရှိ အိမ်များကိုလည်း ဧည့်စာရင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံက ပြောသည်။အဆိုပါ ဗုံးပေါက်ကွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s