အလွတ်တန်းသတင်းထောက် ဒေါ်ယဉ်ယဉ်သိန်း(နဘား)ကို စစ်တပ်က လူမဆန်စွာ ရိုက်နှက်ကန်၍ ဖမ်းဆီး၊ စစ်တပ်က လိုက်ဖမ်းနေ ၍ ရခိုင်သတင်းသမားအများစု တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှ အလွတ်တန်းသတင်းထောက် ဒေါ်ယဉ်ယဉ်သိန်း(နဘားကို) အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၁၁ နာရီတွင် ဖမ်းဆီးခေါ်သွားပြီး သတင်းအစအနမရရှိဘဲ ပျောက်ဆုံးလျက်ရှိကြောင်း မိသားစုဝင်များထံမှ သိရှိရသည်။

အကြမ်းဖက် ဖက်ဆစ် စစ်တပ်က အလွတ်တန်းသတင်းထောက် ဒေါ်ယာဉ်ယာဉ်သိန်း(နဘား)ကို နိုဝင်ဘာလ ၁၈ ရက်နေ့ည ၁၁ နာရီလောက်တွင် နေအိမ်သို့ တံခါးများ ရိုက်ဖြတ်ကာ အတင်းအဓမ္မဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးတစ်ဦးကို စစ်တပ်က လူမဆန်စွာ ရိုက်နှက် ဖမ်း ဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ရဲကားတွေ အိမ်ရှေ့ ကို ဝင်လာပြီး တံခါးတွေ အကုန်ကန်ဖွင့်ပြီး ဖမ်းသွားတာပါ။ စစ်တပ်လည်း ပါတယ်။ ဖမ်းတာတော့ သူက ဒီတိုင်း ပလိန်းကြီး အကုန်လုံးကို ဝင်စစ် ၊ အိမ်ထဲတွေ အကုန်မွှေပြီး နောက်ဆုံး ဘာမှ ရှာမရတော့ သူတို့ လောလောဆယ် ဆိုင်ကယ်ကို Without စီးတယ်ဆိုပြီးတော့ ။ တကယ်တမ်း ဆိုင်ကယ်က လိုင်စင်ပါပြီးသား ။ သူတို့က Without စီးတယ်ဆိုပြီး ဆွဲသွားတာပေါ့ ။ ဟိုရောက်မှ သူတို့ ပုဒ်မ ပြန်တပ်မယ် ပြောတယ်။ ဒါဆို အခုလောလောဆယ် ဘာအမှုနဲ့ ဆွဲမလဲ သေချာမသိသေးဘူးပေါ့။ မိသားစုတွေလည်း ရိုက်နှက်ခံရတယ်။ အမေကလည်း အတော်လေး ရိုက်နှက်ခံရတယ်။

အကုန်လုံး အရိုက်ခံရပါတယ် ။ သူတို့က စဝင်ဝင်ချင်းက အကုန်လုံး ဆင်းခိုင်းပြီးတော့မှ အပြင်ရောက်မှ ခြေထောက်တွေနဲ့ ကန် ၊ အမေ့ကို ဆဲ ဆိုပြီးတော့မှ အမေ့ကိုတော့ ပိုကန်ခံရတာပေါ့ ။ သူတို့ စီးထားတဲ့ ဖိနပ်တွေနဲ့ ကန်။ သေနတ်တွေ ပစ်ဖောက်။ ကလေး ငိုနေတာတောင် သေ နတ်တွေ ပစ်ဖောက်။ ခြိမ်းခြောက်တာပေါ့ ။ အိမ်ကို မီးရှို့လိုက်မယ်။ သတ်ပစ်လိုက်မယ် ခြိမ်းခြောက်တာပေါ့” ဟု မိသားစုဝင်တစ်ဦးက ဆို သည်။

လက်ရှိတွင် အလွတ်တန်းသတင်းထောက် ဒေါ်ယဉ်ယဉ်သိန်း မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရဘဲ သတင်းအစအန ပျောက် ဆုံးလျက်ရှိကြောင်း သိရှိရသည်။အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လည်း စစ်တပ်က ရခိုင်အခြေစိုက် သတင်းမီဒီယာများမှ သတင်းသမားများကို လိုက်လံ စုံစမ်းမေးမြန်း ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းကြောင့် သတင်းသမားများအားလုံး ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s