G3 လက်နက်၊ ကျည်ဆန်များဖြင့် CDM ဝင်လာသော ရဲတပ်သား မောင်ထက်သူရ ငွေကျပ် ၃၅ သိန်း PDF က ပေးအပ်ပြီး လွတ် မြောက်နယ်မြေ ပို့ဆောင်

စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံ မြောင်မြို့နယ် ကျောက်ရစ် ရဲကင်းစခန်းက ကိုယ်ပိုင်အမှတ် လ၂၇၄၁၈၅ ကိုင်ဆောင်ထား ရဲတပ်သား မောင်ထက်သူရ G3 တစ်လက်၊ ကျည် 100 ကျော်နှင့် ဗုံးသီးတစ်လုံး အပ်နှံကာ နိုဝင်ဘာ ၁၈ရက်နေ့ ညပိုင်းတွင် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာပြီး ငွေကျပ် ၃၅ သိန်းပေးအပ်ခဲ့ကြောင်း Young Fighters People’s Defence Force of Myaung အဖွဲ့ထံက သိရသည်။

အဆိုပါ ရဲတပ်သားကို မဟာမိတ်ညီနောင် (၅)ဖွဲ့က ပြည်သူ့ရင်ခွင်သို့ ခိုလှုံ လာသည့်အတွက် ဂုဏ်ပြုချီးမြှင့်ငွေအဖြစ် ငွေကျပ် ၃၅ သိန်းပေး အပ်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မဟာမိတ်ညီနောင် (၅)ဖွဲ့ဖြစ်သော Young Fighters People’s Defence Force of Myaung(YFPDF)၊ Myaung Special People’s Defense Force ( MSPDF)၊ 27 Revolution Forces၊ 11Brothers Revolution Forcesနှင့် T.G.R People’s Defence Force တို့က NUG အစိုးရ၏ ပြည်သူ့ရင်ခွင်အစီအစဉ်တွင် စာရင်းပေးသွင်းသွားမည်ဖြစ်ကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံချင်သူများ ယုံကြည်စိတ်ချစွာ ခိုလှုံနိုင်ကြောင်း ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s