ကနီမြို့နယ်တွင်း တိုက်ပွဲတွင် စစ်ကောင်စီက ရဟတ်ယာဉ်များကူ

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်ရှိ ယင်းယိမ် တောတိုက် ( အိမ်‌ခြေအနည်းငယ်မျှသာ ရှိသောတော ) သို့ နယ်ကျွံလာသော စစ်ကောင်စီ တပ်သားများကို ဒေသကာကွယ်ရေးတပ်က တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ်များ အသုံးပြုခဲ့ကြောင်း Kani People Defence Force-KPDF 1 အဖွဲ့ တာဝန်ရှိသူက ပြောသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက် နေ့လယ် ၁ နာရီတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညနေ ၃ နာရီ ခန့်တွင် ရဟတ်ယာဉ်များ ပျံဝဲခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီရဲ့ ရှေ့ပြေးစစ်သား ၁၀ ယောက်လောက်ကို ကျွန်တော်တို့ ဝိုင်းမိထားတယ်။ ခဏကြာတော့ ရဟက်ယာဥ်က ဝဲလာတယ်။ အဲဒါကြောင့် ပြန်ဆုတ်ခဲ့တယ်” ဟု Kani People Defence Force-KPDF 1 အဖွဲ့ဝင်က ပြောသည်။ ထို့အပြင် အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ် သည် ယမန်နေ့ ညနေ ၅ နာရီ မိနစ် ၃၀ တွင် ယင်းယိမ်ကျေးရွာ တောင်ပေါ်ကျောင်းသို့ ဦးတည်လာသည့်အတွက် ဒေသကာကွယ်ရေးတပ်က ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရသွားကြောင်းလည်း ၎င်းက ပြောသည်။

“သူတို့က တောင်ပေါ်ကျောင်းမှာ တပ်စွဲလောက်တယ် ဆိုတာကို သိလို့ အဲဒီနားက စောင့်ပြီး ပစ်တာ။ ကျွန်တော်တို့က အရင်ပစ်တာ။ သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ မျက်စိရှေ့မှာတင် ရှစ်ယောက်သေတာ တွေ့လိုက်တယ်”ဟု Kani People Defence Force-KPDF 1 အဖွဲ့ဝင်က ပြောသည်။

အဆိုပါ တိုက်ပွဲတွင် ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ နို၀င်ဘာလ ၂၁ ရက် ညနေပိုင်းတွင် ကနီမြို့နယ်အတွင်း မဲဒင်ကျေးရွာနှင့် သစ်ခက်ကျေးရွာ အနီး ဖြစ်ပွားသော တိုက်ပွဲ၌လည်း စစ်တပ်ဘက်က စစ်ကူရေယာဉ် နှစ်စီးဖြင့် လာရောက် တိုက်ခိုက် ခဲ့သည်။ ထိုရေယာဉ်ကို ပြောက်ကျားအဖွဲ့များက လက်နက်ကြီးပစ်ကူ တိုက်ခိုက်ခဲ့ရာ ရေယာဉ်တစ်စီး မီးလောင်သွားခဲ့ကြောင်း DRPA အဖွဲ့က ထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s