ကလေးတိုက်ပွဲ စစ်ကောင်စီတပ်သား ၅ ဦးနှင့်PDF ၂ ဦး ကျဆုံး၊ တမူးရဲကင်းနှင့် စစ်ဆေးရေးဂိတ် မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်က  ကျောက်ပြုတ်ကျေးရွာမှာ နိုဝင်ဘာ ၂၁ ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅ ဦးနဲ့ PDF ၂ ဦး သေဆုံးခဲ့တယ်လို့ ကလေး PDF က သတင်း ထုတ်ပြန်ပါတယ်။   

ကျောက်ပြုတ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်၊ ပျူစောထီးတွေနဲ့ ကလေး PDF တို့ မနက် ၁၀ နာရီလောက်ကနေ နေ့လယ် ၁ နာရီထိ  တိုက်ပွဲဖြစ်ပွားခဲ့ပြီး အခုထိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ ကျောက်ပြုတ်ရွာမှာ တပ်စွဲထားတာကြောင့် ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကလေးမြို့နယ်အတွင်း အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ သတိထား သွားလာဖို့ ကလေး PDF က ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ကိုင်းတိုင်း တမူးမြို့မှာလည်း နိုဝင်ဘာ ၂၁ ရက်နေ့ ည ၁၂ နာရီလောက်က နယ်စပ်စစ်ဆေးရေး နဲ့ ရဲကင်းကို  ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

“မနက် ၁၂ နာရီလောက်မှာ ကျနော်တို့ တမူးပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁) တပ်ခွဲ (၃) က ဝင်ရောက်စီနင်းခဲ့တယ်။ အရင်ဆုံး နယ်စပ်စစ်ဆေးရေးဂိတ်ကို မီးရှို့ဖျက်ဆီးတယ်၊ ပြီးမှ အဲဒီနားရှိ တဲ့ ရဲကင်းကို ဝင်ရောက်မီးရှို့ခဲ့တယ်” လို့ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်နဲ့ ရဲကင်းမှာ ရဲတွေမရှိဘဲ လွန်ခဲ့တဲ့ ၂ လလောက်ကလည်းက ပြောင်းရွှေ့ထားတယ်ယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s