စစ်ကိုင်းတွင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာများ တင်လာသည့် စက်​လှေကို မြို့လှ PDFက ဖမ်းဆီးပြီး ဘီယာများအားလုံးကို ဖျက်ဆီး

အကြမ်းဖက် စစ်အုပ်စုရဲ့ ထုတ်ကုန်တွေကို သိုလှောင်ရောင်းချတာတွေ မလုပ်ကြဖို့ တားမြစ်ထားတဲ့ စစ်ကိုင်းတိုင်းမှာ မြန်မာဘီယာတွေကို မြို့လှ PDF က ဖမ်းဆီးပြီး ဖျက်ဆီးခဲ့ပါတယ်။

ဒီနေ့ နိုဝင်ဘာ ၂၂ ရက်မှာ စစ်ကိုင်းတိုင်း ကသာဘက်ကနေ ရွှေကူဘက်ကို ရေကြောင်းလမ်းကတစ်ဆင့် စက်လှေအပြည့် သယ်ဆောင်လာတဲ့ စစ်အုပ်စုပိုင် ထုတ်ကုန် Myanmar Bee တွေကို ဖမ်းဆီးခဲ့တာပါ။မြို့လှ PDF(မိုက်ရူးရဲ အဖွဲ့) က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီနေ့ ညနေ ၄နာရီအချိန်မှာ ဖျက်ဆီးပစ်ခဲ့တာဖြစ်ပြီး နောက်ထပ် စစ်တပ်ထုတ်ကုန်တွေကိုလည်း ဖမ်းဆီးသွားမယ်လို့ ဖော်ပြပါတယ်။မြို့လှPDF(မိုက်ရူးရဲ အဖွဲ့) ရဲ ဘော်တစ်ဦးကို ကိုးကားပြီး အင်းတော် တော်လှန်ရေး Indaw Revolution က ထပ်ဆင့်သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s