စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တပ်စွဲထားသည့် ကျောက်ပြုတ်ရွာကို ဒေသကာ ကွယ်ရေးတပ်ဖွဲ့များဝင်တိုက်၊ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး၊ PDF-Kalay ရဲဘော် ၂ ဦး ကျဆုံး

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်ပါးစေပျူစောထီး အဖွဲ့ဝင်များ တပ်စွဲထားသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအစပ်ရှိ ကျောက်ပြုတ်ရွာကို နိုဝင်ဘာလ ၂၁ ရက် နံနက်တွင် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး၊ ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးကြောင်း PDF-Kalay က သတင်းထုတ် ပြန်သည်။

ယမန်နေ့ နံနက် ၁၀ နာရီမှစတင်ကာ PDF-Kalay၊ YDFနှင့် မဟာမိတ်တပ်ဖွဲ့များက ကျောက်ပြုတ်ရွာသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကျေးရွာနယ်မြေထက်ဝက်ကျော်အထိ ဝင်ရောက်နိုင်ခဲ့ကြောင်း၊ ကျောက်ပြုတ်ရွာအနောက်ဘက်ရှိ ဟံသာဝတီကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် တရစပ် ပစ်ကူသဖြင့် မွန်းလွဲ ၁ နာရီခွဲတွင် ပြန်လည် ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရှိရသည်။

အဆိုပါ ကျောက်ပြုတ်ရွာသည် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နှင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ် အစပ် မြစ်သာမြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ကျေးရွာအတွင်း ပြည်သူများ နေထိုင်ခြင်းမရှိတော့ဘဲ စစ်ကောင်စီတပ်နှင့် လက်ပါးစေ ပျူစောထီးအဖွဲ့များသာ တပ်စွဲထားကြောင်း PDF-Kalay ထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s