နိုင်ငံတစ်ဝန်း စစ်သား ၈ ဦးသေဆုံးပြီး PDF ၄ ဦးကျဆုံးကာ ၁ ဦး ဖမ်းဆီးခံရ

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံတော်လှန်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးပြီး PDF ၄ ဦးသေဆုံးကာ ၁ ဦးဖမ်းဆီးခံရကြောင်း ရန်ကုန်ခေတ်သစ်က ကောက်ယူရရှိသော စာရင်းများအရ သိရှိရသည်။

ရန်ကုန်တွင် ပေါက်ကွဲမှုများ ဆက်ဖြစ်

===============================

ရန်ကုန်တိုင်းကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်း ယနေ့ည MICB နား ဗုံးနှစ်လုံး ဆင့် ပေါက်ကွဲကြောင်း၊ လှိုင်သာယာမြို့နယ် အနောက်ပိုင်းတွင် ယနေ့ည ၁၀ နာရီ ၃၇ မိနစ်အချိန် ပေါက်ကွဲ ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ကြောင်း သိရှိရသည်။

မန္တလေးမြို့ပေါ် ရပ်ကွက်ရုံး ပစ်ခတ်ခံရမှု အစောင့် စစ်သား သေဆုံး

=====================================================

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၂လမ်းနှင့် ၃၆လမ်းနှင့် ၃၇လမ်းကြားရှိ ရတနာဘုမ္ပိအရှေ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အစောင့်ကျနေသော စစ်သားများကို ယနေ့ မနက်(၉)နာရီကျော် အချိန် လက်နက်ကိုင်တချို့က ပစ်ခတ်တိုက်ခိုက်ခံရာ စစ်သား ၁ ဦးသေဆုံးကြောင်း သိရှိရသည်။

ကလေးမြို့ရှိ စစ်ကောင်စီ စစ်လက်နက်ပစ္စည်းတပ်ရင်းကို PDF ပူးပေါင်းတပ်ဖွဲ့ ဝင်တိုက်၊ ယမ်းသိုလှောင်ရုံ ပေါက်ကွဲပြီး စစ်သားများ သေဆုံးမှုရှိ

=================================================================================

စစ်ကိုင်းတိုင်း၊ ကလေးမြိုရှိ စစ်ကောင်စီလက်အောက်ခံ အမှတ် ၆၄၄ စစ် လက်နက်ပစ္စည်းတပ်ရင်းကို PDF Zoland နှင့် CDM – Siyin( CDF-KKG တပ်ရင်း ၂) ပူးပေါင်း အဖွဲ့က ယနေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။ ယမ်းသိုလှောင်ရုံ တချို့ပေါက်ကွဲပျက်စီးမှုများရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း၊ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များအားလုံး ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ရေစကြိုတွင် စစ်သား တစ်ဦးကို AK သေနတ်၊ ကျည်ဆံများဖြင့် ဖမ်းဆီးရမိသော်လည်း ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး

========================================================================

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦးကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပြည်သူ့ ကာ ကွယ်ရေး ပြောက်ကျားတပ်ဖွဲ့များက AK သေနတ်၊ ကျည် ၅၄ထောင့်၊ ၆၀ မမ ကျည်ဖူး တစ်ဖူးတို့ဖြင့် ဖမ်းဆီးရမိသော်လည်း ခုခံထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးခဲ့ကြောင်း YSO NO 1 ပြောက်ကျားတပ်ဖွဲ့ထံက ပြောသည်။ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်သည် နိုဝင်ဘာ ၁၅ ရက်နေ့က စတင်ကာ နိုဝင်ဘာ ၂၁ ရက်နေ့ထိ ၆ရက်ကြာ ကျေးရွာပေါင်းစုံ၌ စခန်းချ ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေပြီး ကျေးရွာများအတွင်း ပြည်သူများ ပိုင်ပစ္စည်းများကို မွှေနှောက် ခိုးယူလုယက်မှုများ လုပ်ဆောင်နေသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းမှ တပ်ဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့များ ပြောဆိုချက်အရ သိရသည်။ ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းက လှည့်လည်နေသဖြင့် လက်ရှိချိန်တွင် ဒေသခံပြည်သူ တစ်သောင်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦး ယာဉ်တန်းမိုင်းဆွဲခံရ၊ ကား ၂ စီး ပျက်စီး

========================================================================

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့မှ ဘားအံမြို့သို့ ပြန်လာသော စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ်စောမြင့်ဦး လိုက်ပါလာသည့် ယာဉ်တန်း ယနေ့ နံနက် ၁၁ နာရီခန့်တွင် လှိုင်းဘွဲ့-ဘားအံကားလမ်း၊ ထီလုံရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကား ၂ စီး ပျက်စီးသွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။မိုင်းဆွဲခံရသည့်ဖြစ်စဉ်မှာ မှန်ကန်ကြောင်း အဆိုပါ အောက်စီဂျင်စက်ရုံဖွင်ပွဲကြွရောက်ခဲ့သူ မဲဆမိတ်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တစန္ဒရက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုသည်။စစ်ကောင်စီခန့် ဝန်ကြီးချုပ်စောမြင့်ဦးသည် လှိုင်းဘွဲ့မြို့တွင် ယနေ့နံနက်က ပြုလုပ်သည့် အောက်စီဂျင်စက်ရုံဖွင့်ပွဲမှ အပြန် ယာဉ်တန်းမိုင်းဆွဲခံရခြင်းဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ BGF မှ ဗိုလ်မှူးကြီးစောချစ်သူ၊ စစ်ကောင်စီ တပ်မ ၂၂ မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ ၁ ဦးလည်း တက်ရောက်ကြောင်း သတင်းရရှိသည်။

လောင်းလုံးတွင် စစ်တပ်ဘက်မှ ၆ ဦးသေဆုံး၊PDF ၁ ဦး ကျဆုံး

==================================================

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တောင်ဘက်ရှိ ညင်းမော်ကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ပါရှိသည့် လှည့်ကင်းကား ၁ စီးကို ယနေ့ နိုဝင်ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထပ်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့များနှင့် အပြန် အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ ၆ ဦးသေဆုံး၊ စခန်းမှူးအပါအဝင် ၃ ဦး ဒဏ်ရာရသွားကာ လောင်းလုံး PDF ရဲဘော် ၁ ဦး ကျဆုံးကြောင်း သတင်းရရှိသည်။ယနေ့နံနက် ၈ နာရီခွဲတွင် လောင်းလုံးမြို့နယ် အောက်ဘကက်သို့ ဆင်း လာသော အင်အား ၁၀ ဦးခန့်ပါသည့် စစ်ကောင်စီ ကား ၁ စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ စစ်ကူများ ထပ်မံရောက်ရှိလာပြီး အပြန်အလှန် ပစ်ခတ်ကြကြောင်း၊ စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရကာ၊ စခန်းမှူး ၁ ဦး ဒဏ်ရာပြင်းထန်ကြောင်း၊ လောင်းလုံး PDF ရဲဘော် ၁ ဦး ကျဆုံးကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဆောမြို့တွင် PDF ၂ ဦး ကျဆုံး

=========================

မကွေးတိုင်း၊ ဆောမြို့နယ်တွင် နိုဝင်ဘာ ၁၇ ရက်နေ့တွင် PDF ၁ ဦးနှင့် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ၁ ဦး ကျဆုံးကြောင်း သိရှိရသည်။

ဂန့်ဂေါမြို့နယ်တွင် စစ်ကား ၅ စီးကို ဗုံးခွဲ

================================

နိုဝင်ဘာလ ၂၁ ရက်နေ့ ယနေ့ နေ့လယ် ၁ နာရီ ဝန်းကျင် ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းမှ ထွက်ခွာလာသော စစ်ကား ၅ စီးကို CDF-KKG တပ်ရင်း ၅ နှင့် YDF-Gangaw ပူးပေါင်းတပ်ဖွဲ့က ခေါက်ခူရွာနှင့်ရှောက်ပင်ရွာအကြား မိုင်း ၁၂ လုံး ဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၂စီး ထိခိုက် ပျက်စီးသွားကြောင်း၊ စစ်သားသေဆုံးမှု အရေအတွက်ကို မသိရှိရသေးကြောင်း သိရှိရသည်။ အလားတူ ယနေ့ နံနက် ၉ နာရီအချိန် ဂန့်ဂေါမြို့နယ်နှင့် ကလေးမြို့နယ် နယ်စပ်၊ ကျောက်ပြုတ်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို YDF နှင့်မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်အမှ အများအပြား သေဆုံးမှုများရှိခဲ့ကြောင်း သိရှိရသည်။

အောင်လံတွင် PDF ဝင်စီး ၊ PDF ၁ ဦးကျဆုံးပြီး ၁ ဦးအဖမ်းခံရ

================================================

မကွေးတိုင်း၊ အောင်လံမြို့ PDF စခန်းကို နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စစ်တပ်က ဝင်စီးလိုက်ပြီး PDF ၁ ဦးကျဆုံးကာ ၁ ဦးအဖမ်းခံရကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s