ဖားကန့်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

အင်တာနက်ဖြတ်တောက်ခံထားရတဲ့  ဖားကန့်မြို့နယ် ကန်ဆီးရွာနားက စစ်တပ်ပိုင်  Mytel တာဝါတိုင်ကို နိုဝင်ဘာ ၂၁ ရက်  ညပိုင်းက  ဖောက်ခွဲဖျက်ဆီးခံရတယ်လို့ ဒေသခံတွေထံက  သိရပါတယ်။ 

“မနေ့ည ၉ နာရီလောက်က ဖောက်ခွဲဖျက်ဆီးလိုက်တာ။ ဒီရက်ပိုင်း ဖားကန့်မြို့က တချို့နေရာတွေမှာ Mytel operator တခုပဲ  အင်တာနက် နည်းနည်းသုံးလို့ ရနေတယ်။ messenger သုံးလို့ရတယ်။ Facebook news feed နည်းနည်းတက်တယ်။ Tiktok တွေ နည်းနည်းကြည့်လို့ ရတယ်။ ကျန်တဲ့ ဖုန်းလိုင်းတွေတော့ ဘာမှ မရဘူး” လို့ ​ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဖားကန့်မြို့နယ်မှာ စုစုပေါင်း Mytel တာဝါတိုင် ၅ တိုင်ဖောက်ခွဲဖျက်ဆီးခံရပြီး ဖြစ်ပါတယ်။ ဖားကန့်မြို့နယ်ကို ဩဂုတ် ၂၀ ရက် ည ၈ နာရီကစပြီး အင်တာနက်ဖြတ်တောက်ထားတာ အခုဆို  ၃ လကျော်ရှိလာပြီလည်း ဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s