လောင်းလုံးမြို့ တိုက်ပွဲအတွင်း ကျဆုံးသွားသည့် ရဲဘော်မောင်ငြိမ်းချမ်း၏ စျာပနအခမ်း အနား ပြုလုပ်

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာနှင့် ဂေါ့အင်းရွာကြား ကြယ်တောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(LPDF)တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကျဆုံးခဲ့သည့် မောင်ငြိမ်းချမ်း (အသက် ၂၃ နှစ်) ၏ စျာပနကို ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၃၀ တွင် ပြုလုပ်ခဲ့သည်။

“လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ LPDF တပ်ဖွဲ့ဝင်တွေ အ​ပြန်အလှန် တိုက်ပွဲ ဖြစ်တာပါ။ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦးကျဆုံးပါတယ်”ဟု LPDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကျဆုံးသွား‌သည့် မောင်ငြိမ်းချမ်းသည် ဦးခေါင်းကျည်ထိမှန်ကာ ကျဆုံးခဲ့ခြင်း​​ဖြစ်သည်။ မောင်ငြိမ်းချမ်း၏ စျာပနာကို ပြည်သူ့ကာကွယ်ရေးတပ်သား ရဲဘော်ရဲဘက်များမှ အလေးပြု၍ စျာပနပြုလုပ်ပေးခဲ့ပါသည်ဟု LPDF ယမန်နေ့ကထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s