သထုံတွင် စစ်တပ်စခန်းကို KNLAက ဝင်ရောက် ပစ်ခတ်ရာ စစ်သား ၃ဦး ဒဏ်ရာရ၊ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ရွာထဲကျ၍ လူနေအိမ်များပျက်စီး၊ ဖလံတောင် တိုက်နယ် ဆေးရုံကို BGF တပ်ဖွဲ့က ဖျက် ဆီး

ကရင်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ ခလရ ၂၀၇ စခန်းကို နိုင်ဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၆နာရီခန့်တွင် ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁)၊ တပ်ရင်း(၃) လက်အောက်ခံတပ်ဖွဲ့များက သွား ရောက် ပစ် ခတ်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရှိရသည်။

စစ်တပ်က ပြန်လည်ပစ်ခတ်သော လက်နက်ကြီးကျည်များ ကျေးရွာအတွင်း ကျရောက်ကာ လူနေအိမ် တစ် လုံးနှင့် ဆိုင် တစ်ဆိုင်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး ဗဟိုထံမှ သိရသည်။ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများကို လက် နက်ကြီး(60mm)များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် လူနေအိမ် (၁) လုံးနှင့်၊ ဈေးဆိုင် (၁)ဆိုင်ပျက်စီးခဲ့ကာ ဒေသခံရွာသားများ နေအိမ်များကို စွန့်ခွာက ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဒေသခံပြည်သူများကို ပေါ်တာဆွဲခြင်း၊ ဒေသခံများပိုင်ဆိုင်သော ပစ္စည်းများကို အဓမ္မယူဆောင်ခြင်း စသည့် လူ့အခွင့် အရေးချိုးဖောက်မှုများ ကိုဆက် တိုက်ပြုလုပ်လျက်ရှိကြောင်း ကရင်အမျိုးသား အစည်းအရုံး ဗဟိုက ထုတ်ပြန်ထားသည်။

ထို့ပြင် ဖလံတောင်တိုက်နယ်ဆေးရုံတွင် ယခုလ ၁၆ ရက်၌ ဝင်ရောက် တပ်စွဲသွားသော ကရင်နယ်ခြားစောင့်တပ် BGF ၉၉၉ တပ်ရင်းမှ ဗိုလ်စောလား သစ်နှင့်အဖွဲ့သည် ဆေးရုံတွင်းရှိ ဆေးပစ္စည်းများအား ဖျက်ဆီးသွားပြီး နံရံများပေါ်တွင် ခြိမ်းခြောက်စာများ ရေးသားသွားကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU က ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါ BGF ၉၉၉ တပ်ရင်းနှင့် KNLA ကြား နိုဝင်ဘာလ ၁၇ ရက် ၁ ရက်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး BGF ဒုတပ်ရင်းမှူး စောကျော်ဖော အပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရကာ ကား ၃ စီးအား ဖျက်စီးနိုင်ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s