သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲထားသည့် သဘာဝဘေးစီမံအမှု ၂ ခုကို စီရင်ချက်ချမည်

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက စွဲဆိုထားတဲ့ သဘာဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ အမှု ၂ ခုကို ဒီဇင်ဘာ ၆ ရက်နေ့မှာ အပြီးသတ်စီရင်ချက်ချဖို့ ဒီကနေ့ နိုဝင်ဘာ ၂၂ရက်နေ့ ရုံးချိန်းမှာ တရားရုံးက ဆုံးဖြတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက စုံစမ်းသိရပါတယ်။

ဒီနေ့ရုံးချိန်းမှာ သဘာဝဘေးပုဒ်မအမှု ၂ ခုအတွက် နှစ်ဖက်အပြီးသတ်လျှောက်လဲချက်တင်ခဲ့ပြီး  ဇမ္ဗူသီရိမြို့နယ်တရားသူကြီး ဦးမောင်မောင်လွင်က စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ ဇမ္ဗူသီရိအထူးတရားရုံးမှာ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကိုစွဲဆိုထားတဲ့ သဘာဝဘေးပုဒ်မ ၂ မှုပါအဝင် အတိုင်ပင်ခံပုဂ္ဂိုလ် တစ်ဦးတည်းကို စွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန်ပုဒ်မနဲ့  ဆက်သွယ်ရေးပုဒ်မတို့ကိုလည်း စစ်ဆေးခဲ့ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ်စွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန်ပုဒ်မနဲ့ ဆက်သွယ်ရေးပုဒ်မ ၂ ခုအတွက် အတိုင်ပင်ခံကိုယ်တိုင် သက်သေအဖြစ်အစစ်ခံခဲ့ပြီး ဒီဇင်ဘာ ၆ ရက်နေ့မှာပဲ အပြီးသတ်လျှောက်လဲချက်ပေးရမယ်လို့ သိရပါတယ်။

အမှုမစစ်ခင် သမ္မတဦးဝင်းမြင့်နဲ့   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို  သူတို့ရဲ့ ရှေ့နေတွေ တွေ့ဆုံခွင့်ရခဲ့ပြီး နှစ်ယောက် စလုံး ကျန်းမရေးကောင်းမွန်တယ်လို့ သိရပါတယ်။

သမ္မတ၊ အတိုင်ပင်ခံနဲ့ ဒေါက်တာမျိုးအောင်တို့သုံးဦးတွဲ အစွဲခံထားရတဲ့ ရာဇသတ်ကြီးပုဒ်မ  ၅၀၅(ခ) အမှုကိုလည်း နိုဝင်ဘာ ၃၀ ရက်နေ့မှာ စီရင်ချက်ချသွားဖို့ရှိနေပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ အချိန်တစ်ပတ်အတွင်း အမှုနှစ်ခုအတွက် စီရင်ချက်အချခံရဖို့ အ ခြေအနေရှိနေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှု ၁၁ မှုနဲ့ တရားစွဲ ထားတာဖြစ်ပြီး စစ်ကောင်စီရွေးကောက်ပွဲကော် မရှင်က နိုဝင်ဘာ ၁၅ ရက်က ထပ်မံ စွပ်စွဲတဲ့ ရွေးကောက်ပွဲတရားမဲပြုကျင့်မှုပါနဲ့ဆိုရင်   ရင်ဆိုင်ရမယ့်အမှုတွေ ပိုများလာတာဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s