MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ် ပွားမှု စစ်ကောင်စီဘက်မှ ၂၀ ကျော် သေဆုံး၊ MNDAA ဘက်မှ ၁ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးဒေသတွင် နိုဝင်ဘာလ ၂၁ ရက်နေ့ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံးပြီး MNDAA ကိုးကန့်တပ်ဘက်မှ ၁ ဦးကျဆုံးကြောင်း MNDAA ၏ ပြန်ကြားရေး The Kokang က သတင်းဖော်ပြသည်။ ယမန်နေ့တွင် စစ်ကောင်စီနှင့် ကိုးကန့်MNDAA သည် အထူးဒေသ (၁) မုံးကိုးခရိုင်ဒေသ၌ တိုက်ပွဲ (၆)ကြိမ်ဖြစ်ပွားခဲ့ပြီး ရှိကျိကျတောင်တန်းနှင့် မန်ရန်‌ဒေသရှိ ကိုးကန့် MND AA ၏တပ်စခန်းကို လက်နက်ကြီးကျည်ထောင်ချီဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီမှ တပ်မ(၉၉) လက် အောက်ခံတပ်ရင်း (၁၅) နှင့် တပ်မ(၇၇)လက်အောက်ခံ တပ်ရင်း(၁၀၅)တို့ ၏ ပူးပေါင်းစစ်ဆင်ရေးတပ်ဖွဲ့သည် ကိုးကန့်MNDAAရှိ မန်ရန် တပ်စခန်းကို (၂)ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ကြောင်း သိရှိရသည်။

နေ့လည် ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီကိုနောက်ပြန်ဆုတ်အောင် ပြန်လည်ခုခံနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးသူ (၂၀)ကျော်ခန့်ရှိခဲ့ကြောင်း၊ ကိုးကန့်MNDAAအနေဖြင့် (၃)ဦးဒဏ်ရာရပြီး (၁)ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စွန့်ခဲ့ရကြောင်း သိရှိရသည်။ စစ်ကောင်စီတပ်တို့သည် မုံးကိုးတိုက်ပွဲတစ်ကြော့ပြန် ပေါက်ပွားချိန်မှ စတင်၍ မုံးကိုးခရိုင် ၊ ရှိကျိကျ တောင်တန်း နှင့် မန်ရန် ဒေသရှိ ကိုးကန့် MNDAAတပ်စခန်းကို လက်နက် ကြီးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ တစ်ရက်အတွင်း စစ်ကောင်စီမှ မန်ရန် ဒေသရှိ ကိုးကန့်MNDAAတပ်စခန်းကို လက်နက်ကြီးကျည် စုစုပေါင်း (၉၀၀)ကျော် ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၂၁ နာရီ ၃၀ မိနစ်ခန့်တွင် ကိုးကန့်MNDAAမှ ထိုးစစ်ဆင်တိုက် ခိုက်လာသော စစ်ကောင်စီ၏ တပ်မ(၇၇)လက်အောက်ခံ တပ်ရင်း(၆)ကို နှစ်ကြိမ် နောက်ပြန်ဆုတ် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ရှိကျိကျ တောင်တန်းကို ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၆ နာရီခန့်မှ ရပ်တန့်သွားပြီး စုစု ပေါင်းပစ်ခတ် တိုက်ခိုက်ခဲ့သော လက်နက်ကြီးကျည်မှာ (၅၀၀)ကျော်ခန့်ရှိကြောင်း သိရှိရသည်။

ယမန်နေ့ တစ်ရက်အတွင်း စစ်ကောင်စီနှင့် ကိုးကန့်MNDAA တို့သည် မုံးကိုးခရိုင်၏ ပန်ရင်လပ ၊ ပန်ဆာ‌တောင်ကုန်း၊ ရှပန်ဆာ ၊ ချင်ချိုင့်ထန်‌တောင်ကုန်းနှင့် ဖောင်းဆိုင်တံတား စသောနေရာများတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s