ကနီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင် စီတပ်သား ၈ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ယင်းယိမ်ကျေးရွာအနီး နိုဝင်ဘာ ၂၁ ရက်နေ့က စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး အနည်းဆုံး ၈ ယောက်လောက် သေဆုံးသွားတယ်လို့  ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။

ကနီမြို့နယ် ကျောက်လုံးကြီးအဖွဲ့‌ရဲ့ ခေါင်းဆောင်က  “မနက်ခင်းပိုင်းတုန်းက သူတို့လာတဲ့ လမ်းကြောင်းကို မိုင်းထောင် တိုက်ခိုက်ခဲ့တယ်။ ၅ ယောက်လောက် ထိခိုက်သွားတယ်။ ညနေကြတော့ တိုက်ပွဲထပ်ဖြစ်တယ်။ အဲပွဲမှာလည်း သူတို့ဘက်က ၃ ယောက်ကျတယ်ဗျ။ စုစုပေါင်း ၈ ယောက် သူတို့ဘက်က ကျတယ်။ သူတို့ဘက်ကတော့ ပြန်လည်ပစ်ခတ်တာ ရှိတယ်။ ကျနော်တို့ဘက်က အကျဆုံးမရှိ ပြန်လည်ဆုတ်ခွာလာနိုင်တယ်”လို့ ပြောပါတယ်။

ကနီမြို့နယ်အတွင်း နိုဝင်ဘာ ၂၂ ရက် မနက် ၈ နာရီလောက်က နတ်လာပို့ကျေးရွာအနီး ချင်းတွင်းမြစ်ကြောင်းက စစ်ကောင်စီရဲ့အမြန်ရေယာဉ်ကို တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ 

စစ်ကောင်စီက လေယာဉ်နဲ့ စစ်ကူလာရောက်ခဲ့တာကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေ အနေနဲ့ ဘေးလွတ်ရာကို ရှောင်ရတာကြောင့် အထိခိုက်အကျဆုံးကတော့ မသိရသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s