ကံပေါက်ဒေသတွင် ပြည်သူ ၁၀ ဦးခန့်ကို စစ် တပ်က ဖမ်းဆီး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကံပေါက်ဒေသမှာ  နိုဝင်ဘာလ ၂၁ ရက်ညက CDM ကျောင်းဆရာမ တယောက်အပါအဝင် အရပ်သား ပြည်သူ ၉ ယောက်ကို စစ်ကောင်စီတပ်တွေက    ဖမ်းဆီးသွားပါတယ်။ 

ဖမ်းဆီးခံရသူတွေအထဲမှာ မြသီတာရပ်ကွက်နေ  CDM ကျောင်းဆရာ ဒေါ်မြင့်မြတ်နဲ့ လှည်းကုန်း ၂ ရပ်ကွက်နေ  CDM ကျန်းမာရေးမှူး ဦးကျော်စိုးဝင်းတို့ ပါဝင်တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကံပေါက်ဒေသခံအရပ်သားတွေဖြစ်တဲ့  ဦးတင်ညွန့်(နွမ်မဲ)-(မဂ္ဂင်ရပ်ကွက်)၊ ဦးကင်မြင့် (မြသီတာရပ်ကွက်)၊ ဦးကိုလေး (မြသီတာရပ် ကွက်)၊ ဦးဝင်းရှိန် (ဗိုလ်ချုပ်ရပ်ကွက်)၊ ကိုပြည်စိုး (ဗိုလ်ချုပ်ရပ်ကွက်)၊ ဦးငယ်ငယ် (မိကျောင်းအိုင် ရပ်ကွက် စက်ကုန်း)၊ နဲ့ ဦးနွမ်မဲ (လှည်းကုန်း ၁ ရပ်ကွက်) တို့လည်း ဖမ်းဆီးခံထားရပါတယ်။

ဖမ်းဆီးခံထားရသူတွေကို စစ်ကောင်စီက ကံပေါက်မောရဝတီရေတပ်စခန်းဌာနချုပ်မှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့လည်း  ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ ဒေသခံက ပြောပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s