ကျိုက်နဲဘုရားဖူးဖြစ်စဉ်တွင် ရေနစ်သေဆုံးသူ ၅ ဦး ထပ်တွေ့၊ စုစုပေါင်း ၂၀ ထိ ရှိလာ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလောင်းကျေးရွာနဲ့ အံခဲကျေးရွာကြားက ကျိုက်နဲရေလယ်ဘုရားဖူး ဖြစ်စဉ်မှာ ရေနစ်သေဆုံးသူ ၅ ဦးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထပ်မံတွေ့ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက DVB ကို ပြောပါတယ်။

ပြန်လည်ဆယ်ယူရရှိခဲ့တဲ့ ရေနစ်သေဆုံးသူ ၅ ဦးမှာတော့ နာမည်စာရင်း လာမပေးထားတဲ့ အမျိုးသမီးငယ် တစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ပြန်လည် ဆယ်ယူရရှိခဲ့တဲ့ ရုပ်အလောင်း ၅ လောင်းမှာတော့ ပဲခူးတိုင်းက အမျိုးသမီးငယ် ၃ ဦး၊ ကရင်ပြည်နယ် မြိုင်ကလေးက အမျိုးသမီးငယ် ၁ ဦး၊ ရေးမြို့နယ် အစင်ကျေးရွာက အမျိုးသား ၁ ဦး ပါဝင်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားလိုက်ပြီး ရေနစ်သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို သက်ဆိုင်ရာမြို့နယ်တွေကို ပြန်လည်ပို့ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

ကျိုက်နဲရေလယ်ဘုရားမှာတော့ မနေ့ နိုဝင်ဘာ ၂၁ ရက်နေ့က ကမ်းခြေကနေ ၁ မိုင်နဲ့ ၆ ဖာလုံခန့် ကွာဝေးတဲ့ ဘုရားသို့သွားရာ ဒေသအခေါ် နတ်လမ်းမှာ လူအများအပြား တိုးကြိတ်သွားလာရာမှ ဒီရေလှိုင်း ပုတ်ခတ်မှုကြောင့် ပင်လယ်ထဲ မျောပါသေဆုံးမှု ဖြစ်ပေါ်ခဲ့တာပါ။

ကျိုက်နဲရေလယ်ဘုရားဖူး ဖြစ်စဉ်မှာတော့ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ထိ ရေနစ်သေဆုံးသူ ၂၀ ဦး ထိ ရှိလာခဲ့ပြီး၊ ပျောက်ဆုံးနေသူတွေ ရှိနေသေးတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s