စင်ကာပူတွင် NUG ငွေတိုက်စာချုပ် ဝယ်ယူမှု များပြားပြီးနောက် POSB၊ DBS ဘဏ်များ ၏ အွန်လိုင်း Banking Service ဝင်မရတော့၊ NUG ငွေတိုက်စာချုပ် ၇ သန်းနီးပါး ရောင်းချပြီးဖြစ်

စင်ကာပူတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရောင်းချသည့် ငွေတိုက်စာချုပ်များကို ယမန်နေ့ညနေပိုင်းမှစတင်၍ ဝယ်ယူမှုများ အ လွန်များပြားပြီးနောက် စင်ကာပူအခြေစိုက် POSB နှင့် DBS ဘဏ်များ၏ အွန်လိုင်း Banking Service များ ဝင်မရတော့ဘဲ ဖြစ်နေကြောင်း စင်ကာပူရောက် မြန်မာများထံမှ သိရှိရသည်။

“စင်ကာပူမှာရှိတဲ့ မြန်မာတွေရော စင်ကာပူတွေ အသုံးများက POSB နဲ့ DBS အွန်လိုင်းဘဏ်စနစ်။ မနေ့ကတည်းက NUG ငွေတိုက်စာချုပ်ကို ဝယ်ကြတာ။ ငွေလွှဲ Traffic အရမ်း များပြီး မနေ့ညပိုင်းမှာ ဝင်မရတော့ဘူး။ စင်ကာပူနိုင်ငံသားတွေလည်း ဝင်မရတော့ဘူး။ အဓိကကတော့ NUG Bond ကို ဝင်ဝယ်ကြတာများတာ။ ဘယ်သူမှ ဝင်မရတော့တာပါ” ဟု စင်ကာပူရောက် မြန်မာတစ်ဦးက ပြောသည်။

ယမန်နေ့ညနေပိုင်းမှစတင်ပြီး စင်ကာပူရောက် မြန်မာများက NUG ငွေတိုက်စာချုပ်များကို အလုအယက်ဝယ်ယူကြကြောင်း၊ ပြည်တွင်းမှ မြန်မာများကလည်း စင်ကာပူရောက် မြန်မာများမှတစ်ဆင့် ဝယ်ယူမှုလည်း များပြားကြောင်း သိရှိရသည်။ NUG ငွေတိုက်စာချုပ်များကို ယ မန်နေ့ မှစတင်ရောင်းချရာ ယခုအချိန်အထိ ဒေါ်လာ ၇ သန်းနီးပါး ငွေတိုက်စာချုပ်များ ရောင်းချနိုင်ပြီဖြစ်ကြောင်း NUG ဘက်က တရားဝင် ထုတ်ဖော်ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s