စစ်ကိုင်းတိုင်းဝန်ကြီးချုပ်မြတ်ကျော်ယာဉ်တန်း ဒုတိယအကြိမ်အဖြစ် မိုင်း ၁၀ လုံး ဆွဲတိုက်ခိုက်ခံရ

အကြမ်းဖက်စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်မြတ်ကျော် လိုက်ပါလာသည့် ယာဉ်တန်းကို နိုဝင်ဘာလ ၂၂ ရက် ယနေ့ ညနေ ၅ နာရီခန့်တွင် အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ PAFD က မိုင်း ၁၀ လုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး​ရေးတက္ကသိုလ်မှ အပြန် ရွာသစ်ကြီးနှင့် နတ်ခရိုင်ကျေးရွာကြား အမှတ် ၃ အ ထည်စက်ရုံ (စစ်ကိုင်း) အနီးတွင် မိုင်း ၁၀ လုံးခွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မော်တော်ယာဉ်များ မိုင်းထိမှန်သိဟုသိရပြီး လူထိခိုက်မှုအသေးစိတ် မသိရှိရသေးကြောင်း People’s Army to fight Dictatorship အဖွဲ့က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် ကလေးဝ-တန့်ဆည်-ရေဦးလမ်းပိုင်းတွင် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်မြတ်ကျော် စီးနင်းလိုက်ပါလာသည့်ယာဉ်တန်းကို နိုဝင်ဘာလ ၁၉ ရက်တွင် ကလေး၀ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s