စစ်တပ်နှင့် ပျူစောထီးတပ်စွဲထားသည့် ကျောက်ပြုတ်ရွာကို ဝင်တိုက်စဉ် PDF-Kalay တပ်ဖွဲ့ဝင် ကိုမင်းဇော်အောင်နှင့် ကိုဇော်နိုင်ဌေးတို့ ကျဆုံး

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်ပါးစေပျူစောထီး အဖွဲ့ဝင်များ တပ်စွဲထားသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအစပ်ရှိ ကျောက်ပြုတ်ရွာကို နိုဝင်ဘာလ ၂၁ ရက် နံနက်တွင် PDF-Kalay က ဝင်ရောက်တိုက်ခိုက်စဉ် PDF-Kalay တပ်ဖွဲ့ဝင် ကိုမင်းဇော်အောင် (၁၉ နှစ်)နှင့် ကိုဇော်နိုင်ဌေး (၃၄ နှစ်)တို့ ကျဆုံးသွားကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ကျဆုံးရဲဘော် ၂ ဦးအား အာဇာနည်သူရဲကောင်းများအဖြစ် မှတ်ကျောက်တင်ခဲ့ပြီး PDF-Kalay တပ်ဖွဲ့ဝင်များအားလုံးက ဆထက်ထမ်းပိုးကြိုး ပမ်းသွားမည်ဟု ထုတ်ပြန်ထားသည်။အဆိုပါကျောက်ပြုတ်ရွာတိုက်ပွဲတွင် PDF-Kalay တပ်ဖွဲ့က ကျေးရွာနယ်မြေထက်ဝက်ကျော်အထိ ဝင်ရောက်နိုင်ခဲ့ကြောင်း၊ ကျောက်ပြုတ်ရွာအနောက်ဘက်ရှိ ဟံသာဝတီကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် တရစပ် ပစ်ကူသဖြင့် မွန်းလွဲ ၁ နာရီခွဲတွင် ပြန်လည် ဆုတ်ခွာခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးနှင့် ပျူစောထီးအဖွဲ့ဝင်အများအပြား သေဆုံးခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s