စမ်းချောင်းတွင် ဗုံးပေါက်ပြီး မပေါက်ကွဲသေးသည့် ဗုံးများတွေ့၊ သန်လျင်ရှိ တမံဦးစစ်ဆေးရေးဂိတ် ဗုံးကွဲ၊ လှိုင်သာယာ၊စစ်တပ်အထည်ချုပ်စက်ရုံအနီး ဗုံး ၆ လုံးကွဲ၊ မုံရွာနှင့်ပဲခူးတွင် စစ်တပ်နှင့်ရဲစခန်း တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲပြီး မပေါက်ကွဲသေးသော ဗုံးများ တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရှိရသည်။”ကျူးကျော်စျေးဆိုင်တွေ ရှင်းရင်းနဲ့ ဗုံးကွဲတာလို့ပြောတယ်။ ရဲနဲ့စစ်သား ၅ ဦး ထိတယ်။ စည်ပင်တွေလည်းထိတယ်။ မပေါက်ကွဲသေးတဲ့ဗုံးတွေ့တယ်လည်း ကြားတယ်။ စမ်းချောင်း ပုသိမ်လမ်းထိပ်မှာ” ဟု မြေပြင်ကင်းထောက် လူငယ်တစ်ဦးက ​ပြောသည်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင်လည်း ယနေ့နံနက် ၈ နာရီခွဲအချိန် စစ်ကောင်စီတပ်များ စစ်ဆေးရေးဂိတ် ဖြစ်သည့် တမံဦး စစ်ဆေးရေးဂိတ်ကို သန်လျင်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (TLPDF) ပကဖ က အ​ဝေးထိန်းစနစ်ဖြင့် ​ဖောက်ခွဲလိုက်ကြောင်း ၊ တမံဦးစစ်​ဆေး​ရေးဂိတ်တွင် လမ်းသွားလမ်းလာ မိဘပြည်သူများကို လက်နက်ကိုင်ပြီး အဓမ္မ နှိပ်စက်နေ၍ ဖြစ်ကြောင်း၊ ယခုထက်ပိုမိုသော အရေးယူမှုများကို ဆောင် ရွက် မည်ဖြစ်ကြောင်း ဒေသ ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

အလားတူ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသည့် စစ်တပ်အထည်ချုပ်စက်ရုံ ၊ ရွှေလင်ဗန်းကျောင်းရှေ့မှတ်တိုင်အနီး နှင့် မြစိမ်းရောင်အိမ်ရာအနီးတို့တွင် နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၉နာရီ၌ လှိုင်သာယာမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ (HRDF) အဖွဲ့က အဝေးထိန်းဗုံး၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း HRDF အဖွဲ့ထံမှ သိရသည်။

ထိုသို့ ဖောက်ခွဲ တိုက်ခိုက်ပြီးနောက် အ ကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ပြန်လည် ရမ်းသမ်း ပစ်ခက်ခဲ့သော်လည်း HRDF အဖွဲ့က ထိ ခိုက်သူမရှိဘဲ ပြန်လည် ထုတ်ခွာနိုင်ခဲ့ပြီး ယင်းတိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှု အခြေ အနေကို မသိရှိရသေးဘဲ ယင်းသို့ တိုက် ခိုက်ခြင်းသည် စစ်ကောင်စီ တပ်ဖွဲ့များအနေဖြင့် မကြာသေးမှီက ရန်ကုန်မြို့ပြ ပျောက်ကြားရဲဘော်များကို မတရားဖမ်းဆီးသတ်ဖြတ်ခဲ့မှုအား ပြန်လည် တုန့်ပြန်ခြင်းဖြစ်ကြောင်း HRDF အဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့ ​အေးရိပ်သာလမ်းပေါ်ရှိ အမှတ်(၂)ရဲစခန်းကို အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု (NPRF)က ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၅နာရီဝန်းကျင်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိသော်လည်း အရေအတွက် အတိအကျကို မသိရှိရသေးကြောင်း NPRF အဖွဲ့ထံမှ သိရသည်။

အလားတူ ယမန်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန် ပဲခူးမြို့ ပုဏ္ဏားစု(၁၄)လမ်း အနောက်ဖက်လမ်းထိပ်တွင် စစ် သား များနှင့် သတင်းပေးဒလန်များကို ပဲခူးBDFနှင့် ပဲခူးBGFညီနောင်မဟာမိတ်အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ၊ အထိအခိုက်မသိရှိရသေးကြောင်း ဒေသ ကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s