တနင်္သာရီမြို့နယ်ရှိ တကူးရွာ ရဲစခန်း ဗုံးခွဲခံရ

မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်ရှိ တကူးကျေးရွာ ရဲခန်းကို နိုဝင်ဘာ ၂၂ ရက် ည ၉ နာရီတွင် ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း ဓူဝံတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အဆိုပါစခန်းတွင် တပ်စွဲထားပြီး ဒေသခံများကို ဖမ်းဆီး နှိပ်စက်မှုများ ပြု လုပ်နေ၍ ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ “ညက ရဲစခန်းနားမှာ ဗုံးပေါက်ကွဲသံတော့ ကြားတယ်။ ထိခိုက်မှု ရှိ၊မရှိတော့ မသိရဘူး ” ဟုလည်း ဒေသခံရွာသား တစ်ဦးကပြောသည်။

ပေါက်ကွဲမှု ဖြစ်ချိန် စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များ မရှိ၍ ထိခိုက်မှု မရှိကြောင်း ဓူဝံ တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s